ဆွေစဉ်မျိုးဆက်
23 ထိုအခါ ယေရှုသည် အနှစ်သုံးဆယ်ခန့်မျှ ရှိတော်မူ၏။ လူများအထင်အမှတ်အားဖြင့် ကိုယ်တော်၏အဘကား ယောသပ်တည်း။ ယောသပ်အဘ ဧလိ၊- 24 ဧလိအဘ မဿတ်၊ မဿတ်အဘ လေဝိ။ လေဝိအဘ မေလခိ၊ မေလခိအဘ ယန္န၊ ယန္နအဘ ယောသပ်၊- 25 ယောသပ်အဘ မတ္တသိ၊ မတ္တသိအဘ အာမုတ်၊ အာမုတ်အဘ နာဟုံ၊ နာဟုံအဘ ဧသလိ၊- 26 ဧသလိအဘ နဂ္ဂဲ၊ နဂ္ဂဲအဘ မာအတ်၊ မာအတ်အဘ မတ္တသိ၊ မတ္တသိအဘ ရှေမိ၊ ရှေမိအဘ ယောသပ်၊ ယောသပ်အဘ ယုဒ၊ ယုဒအဘ ယောဟန္န၊- 27 ယောဟန္နအဘ ရေသ၊ ရေသအဘ ဇေရုဗဗေလ၊ ဇေရုဗဗေလအဘ ရှာလသေလ၊ ရှာလသေလအဘ နေရိ၊ နေရိအဘ မေလခိ၊ မေလခိအဘ အဒ္ဒိ၊- 28 အဒ္ဒိအဘ ကောသံ၊ ကောသံအဘ ဧလမောဒံ၊ ဧလမောဒံအဘ ဧရ၊- 29 ဧရအဘ ယောသေ၊ ယောသေအဘ ဧလျေဇာ၊ ဧလျေဇာအဘ ယောရိမ်၊ ယောရိမ်အဘ မဿတ်၊ မဿတ်အဘ လေဝိ၊- 30 လေဝိအဘ ရှိမောင်၊ ရှိမောင်အဘ ယုဒ၊ ယုဒအဘ ယောသပ်၊ ယောသပ် အဘယောနန်၊ ယောနန်အဘ ဧလျာကိမ်၊ ဧလျာကိမ် အဘမေလေ၊- 31 မေလေအဘ မဲနန်၊ မဲနန်အဘ မတ္တသ၊ မတ္တသအဘ နာသန်၊ နာသန်အဘ ဒါဝိဒ်၊- 32 ဒါဝိဒ်အဘ ယေရှဲ၊ ယေရှဲအဘ ဩဗက်၊ ဩဗက်အာဘ ဗောဇ၊ ဗောဇအဘ စာလမုန်၊ စာလမုန်အဘ နာရှုန်၊- 33 နာရှုန်အဘ အမိနဒပ်၊ အမိနဒပ်အဘ အာရံ၊ အာရံအဘ ဟေဇရုံ၊ ဟေဇရုံအဘ ဖာရက်၊ ဖာရက်အဘ ယုဒ၊- 34 ယုဒအဘ ယာကုပ်၊ ယာကုပ်အဘ ဣဇာက်၊ ဣဇာက်အဘ အာဗြဟံ၊ အာဗြဟံအဘ တေရ၊ တေရအဘ နာခေါ်၊- 35 နာခေါ်အဘ စေရောက်၊ စေရောက်အဘ ရာဂေါ၊ ရာဂေါအဘ ဖာလက်၊ ဖာလက်အဘ ဟေဗာ၊ ဟေဗာအဘ ရှာလ၊- 36 ရှာလအဘ ကာဣနန်၊ ကာဣနန်အဘ အာဖာဇဒ်၊ အာဖာဇဒ်အဘ ရှေမ၊ ရှေမအဘ နောဧ၊ နောဧအဘ လာမက်၊- 37 လာမက်အဘ မသုရှလ၊ မသုရှလအဘ ဧနောက်၊ ဧနောက်အဘ ယာရက်၊ ယာရက်အဘ မဟာလေလေလ၊ မဟာလေလေလအဘ ကာဣနန်၊ ကာဣနန်အဘ ဧနုတ်၊ ဧနုတ်အဘ ရှေသ၊ ရှေသအဘ အာဒံ၊ အာဒံအဘ ဘုရားသခင်ပေတည်း။