Pular para o conteúdo
Publicidade

ရှင်လုကာ 7

24 ယော​ဟန်​စေ​လွှတ်​သော သူ​တို့​သည် သွား​ကြ​သည်​နောက်၊ ယေ​ရှု​သည် ယော​ဟန်​ကို အ​ကြောင်း​ပြု၍ ပ​ရိသတ်​တို့​အား၊ သင်​တို့​သည် အ​ဘယ်​မည်​သော​အ​ရာ​ကို ကြည့်​ရှု​ခြင်း​ငှာ တော​သို့ ထွက်​သွား​ကြ​သ​နည်း။ လေ​လှုပ်​သော​ကျူ​ပင်​ကို ကြည့်​ရှု​ခြင်း​ငှာ သွား​သ​လော။- 25 သို့​မ​ဟုတ် နူး​ညံ့​သော​အ​ဝတ်​ကို ဝတ်​ဆင်​သော​သူ​ကို ကြည့်​ရှု​ခြင်း​ငှာ သွား​သ​လော။ တင့်​တယ်​သော အ​ဝတ်​ကို​ဝတ်​ဆင်၍ ကောင်း​မွန်​စွာ စား​သောက်​သော​သူ​တို့​သည် မင်း​အိမ်၌ နေ​တတ်​ကြ၏။- 26 ပ​ရော​ဖက်​ကို ကြည့်​ရှု​ခြင်း​ငှာ သွား​သ​လော။ မှန်​ပေ၏။ ပ​ရော​ဖက်​ထက် ကြီး​မြတ်​သော​သူ​လည်း ဖြစ်​သည်​ဟု ငါ​ဆို၏။- 27 ကျမ်း​စာ၌​လာ​သည်​ကား၊ ကြည့်​ရှု​လော့။ သင်​သွား​ရာ​လမ်း​ကို ပြင်​ရ​သော ငါ၏​တ​မန်​ကို သင့်​ရှေ့၌ ငါ​စေ​လွှတ်၏​ဟု ဆို​ရာ၌ ထို​သူ​ကို​ဆို​လို​သ​တည်း။-မာ​လ၊၃:၁။28 ငါ​ဆို​သည်​ကား၊ မိန်း​မ​မွေး​သော​သူ​တို့​တွင် ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ထက် ကြီး​မြတ်​သော ပ​ရော​ဖက် တစ်​ယောက်​မျှ​မ​ရှိ။ သို့​သော်​လည်း ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​တွင် အ​ငယ်​ဆုံး​သော​သူ​သည် ထို​သူ​ထက် သာ၍​ကြီး​မြတ်၏။- 29 အ​ခွန်​ခံ​သူ​မှ​စ၍ လူ​အ​ပေါင်း​တို့​သည် ယော​ဟန်၏​စ​ကား​ကို ကြား​နာ​ရ​လျှင်၊ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း၍ ယော​ဟန်​ပေး​သော ဗ​တ္တိ​ဇံ​ကို ခံ​ကြ၏။မ၊ ၂၁:၃၂။ လု၊ ၃:၁၂။30 ဖာ​ရိ​ရှဲ​နှင့် ကျမ်း​တတ်​တို့​မူ​ကား၊ သူ​တို့​အ​ကျိုး​အ​လို​ငှာ ဘု​ရား​သ​ခင်​ကြံ​စည်​တော်​မူ​သော ကျေး​ဇူး​တော်​ကို​ပယ်၍ ယော​ဟန်၏ ဗ​တ္တိ​ဇံ​ကို မ​ခံ​ဘဲ​နေ​ကြ၏။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.