Pular para o conteúdo
Publicidade

ရှင်လုကာ 7

31 ထို​ကြောင့် ဤ​လူ​မျိုး​ကို အ​ဘယ်​ဥ​ပ​မာ​နှင့် ပုံ​ပြ​ရ​အံ့​နည်း။ အ​ဘယ်​သူ​နှင့် တူ​သ​နည်း။- 32 ပွဲ​သ​ဘင်၌ ထိုင်​နေ​သော​သူ​ငယ်​ချင်း​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက် အ​သံ​လွှင့်​ကြ၍၊ ငါ​တို့​သည် သာ​ယာ​စွာ​တီး​မှုတ်​သော်​လည်း သင်​တို့​သည် မ​က​ကြ။ ညည်း​တွား​စွာ မြည်​တမ်း​သော်​လည်း မ​ငို​ကြွေး​ကြ​ဟု ပြော​ဆို​သော​သူ​ငယ်​တို့​နှင့် ဤ​လူ​မျိုး​သည် တူ​လှ၏။- 33 အ​ကြောင်း​မူ​ကား၊ ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​သည် မုန့်​ကို​မ​စား၊ စ​ပျစ်​ရည်​ကို​မ​သောက်​ဘဲ လာ​သည်​ရှိ​သော် သင်​တို့​က၊ ဤ​သူ​သည် နတ်​ဆိုး​စွဲ​သော သူ​ပါ​တ​ကား​ဟု ဆို​ကြ၏။- 34 လူ​သား​သည် စား​သောက်​လျက် လာ​သည်​ရှိ​သော်၊ ဤ​သူ​သည် စား​ကြူး​သော​သူ၊ စ​ပျစ်​ရည်​သောက်​ကြူး​သော​သူ ပါ​တ​ကား။ အ​ခွန်​ခံ​သော​သူ​နှင့် ဆိုး​သော​သူ​တို့​ကို မိတ်​ဆွေ​ဖွဲ့​သော​သူ ပါ​တ​ကား​ဟု ဆို​ပြန်​ကြ၏။- 35 သို့​သော်​လည်း ပ​ညာ​တ​ရား​သည် မိ​မိ​သား​ရှိ​သ​မျှ​တို့​တွင် ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​နှင့် လွတ်၏​ဟု မိန့်​တော်​မူ၏။

အ​ပြစ်​လွှတ်​ခံ​ရ​သော​မိန်း​မ

36 ဖာ​ရိ​ရှဲ​တစ်​ယောက်​သည် အ​စာ​ကို သုံး​ဆောင်​တော်​မူ​စေ​ခြင်း​ငှာ ကိုယ်​တော်​ကို ခေါ်​ပင့်​လျှင်၊ ထို​ဖာ​ရိ​ရှဲ၏​အိမ်​သို့​ကြွ၍ စား​ပွဲ၌​လျောင်း​တော်​မူ၏။- 37 ထို​သို့ စား​ပွဲ၌​လျောင်း​တော်​မူ​သည်​ကို ထို​မြို့၌ ဆိုး​သော​မိန်း​မ​တစ်​ယောက်​သည် သိ​လျှင်၊ ဆီ​မွှေး​ကျောက်​ဖြူ ခွက်​တစ်​လုံး​ကို ယူ​ခဲ့၍၊-မ၊ ၂၆:၇။ မာ၊ ၁၄:၃။ ယော၊ ၁၂:၃။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.