32 ပေတရုနှင့် သူ၏အဖော်တို့သည် မျက်စိလေးလံသဖြင့် တငိုက်ငိုက်ရှိကြ၏၊ နိုးသောအခါ ဘုန်းအသရေတော်ကိုလည်းကောင်း၊ ကိုယ်တော်နှင့် ရပ်နေသော လူနှစ်ယောက်ကိုလည်းကောင်း မြင်ကြ၏။- 33 ထိုသူတို့သည် အထံတော်မှသွားကြစဉ်၊ ပေတရုက၊ သခင်၊ ဤအရပ်၌ နေဖွယ်ကောင်းပါ၏။ ကိုယ်တော်ဖို့ တဲတစ်ဆောင်၊ မောရှေဖို့ တစ်ဆောင်၊ ဧလိယဖို့ တစ်ဆောင်၊ တဲသုံးဆောင်ကို အကျွန်ုပ်တို့ ဆောက်လုပ်ပါရစေဟု ယောင်ယမ်း၍ လျှောက်လေ၏။-