Pular para o conteúdo
Publicidade

ရှင်လုကာ 9

38 လူ​အ​စု​အ​ဝေး၌ ပါ​သော​သူ​တစ်​ယောက်​က၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်၏​သား​ကို ကြည့်​ရှု​တော်​မူ​မည်​အ​ကြောင်း အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏။ အ​ကျွန်ုပ်၌ သား​တစ်​ယောက်​တည်း ရှိ​ပါ၏။- 39 နတ်​ဖမ်း​စား​သ​ဖြင့် သူ​သည်​ရုတ်​ခ​နဲ​အော်​ဟစ်၍၊ အ​မြှုပ်​ထွက်​လျက် တောင့်​မာ​ခြင်း​သို့ ရောက်​တတ်​ပါ၏။ ထို​သို့ နာ​ကျင်​စွာ​နှိပ်​စက်​ပြီး​မှ နတ်​သည်​အ​လွန် သွား​ခဲ၏။- 40 ထို​နတ်​ကို နှင်​ထုတ်​ပါ​မည်​အ​ကြောင်း တ​ပည့်​တော်​တို့​အား အ​ကျွန်ုပ်​တောင်း​ပန်​သော်​လည်း သူ​တို့​သည် မ​တတ်​နိုင်​ကြ​ပါ​ဟု အော်​ဟစ်​လျက် လျှောက်​လေ၏။- 41 ယေ​ရှု​က​လည်း၊ ယုံ​ကြည်​ခြင်း​မ​ရှိ၊ ဖောက်​ပြန်​သော​အ​မျိုး၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ အ​ဘယ်​မျှ ကာ​လ​ပတ်​လုံး နေ​ရ​မည်​နည်း။ သင်​တို့​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး သည်း​ခံ​ရ​မည်​နည်း။ သင်၏​သား​ကို ငါ့​ထံ​သို့ ယူ​ခဲ့​ဟု မိန့်​တော်​မူ၏။- 42 သူ​ငယ်​လာ​စဉ်​ပင် နတ်​ဆိုး​သည် မြေ​ပေါ်​မှာ​လှဲ၍ တောင့်​မာ​စေ၏။ ယေ​ရှု​သည် ညစ်​ညူး​သော​နတ်​ကို ဆုံး​မ၍ ထို​သူ​ငယ်​ကို ချမ်း​သာ​စေ​ပြီး​မှ အ​ဘ​အား အပ်​ပေး​တော်​မူ၏။- 43 လူ​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်၏ မ​ဟာ​တန်​ခိုး​တော်​ကို မြင်၍ မိန်း​မော​တွေ​ဝေ​ခြင်း ရှိ​ကြ၏။

အ​သေ​ခံ​ရ​မည်​ကို​ထပ်​မံ​ဖော်​ပြ​ခြင်း

(မ၊ ၁၇:၂၂-၂၃။ မာ၊ ၉:၃၀-၃၂)

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.