ရှိမုန်၏ယောက္ခမကိုကုသခြင်း
29 တရားဇရပ်မှ ထွက်ကြလျှင်၊ ရှိမုန်၊ အန္ဒြေတို့အိမ်သို့ ယာကုပ်၊ ယောဟန်နှင့်တကွ ချက်ချင်းသွားကြ၏။- 30 ရှိမုန်၏ယောက္ခမသည် ဖျားနာစွဲ၍ တုံးလုံးနေသည်အကြောင်းကို အလျင်အမြန် လျှောက်ကြ၏။- 31 ကိုယ်တော်သည်လာ၍ ထိုမိန်းမ၏လက်ကို ကိုင်လျက် ချီကြွတော်မူသည် ခဏချင်းတွင် သူသည် အဖျားပျောက်၍ ဧည့်သည်ဝတ်ကို ပြုလေ၏။