Pular para o conteúdo
Publicidade

ရှင်မာကု 11

20 နံ​နက်​အ​ချိန်​တွင် လမ်း၌​သွား​ကြ​စဉ်၊ သင်္ဘော​သ​ဖန်း​ပင်​သည် အ​မြစ်​မှ​စ၍ သွေ့​ခြောက်​လျက်​ရှိ​သည်​ကို မြင်​ကြ၏။- 21 ပေ​တ​ရု​သည် သ​တိ​ရ​လျှင်၊ အ​ရှင်​ဘု​ရား ကြည့်​တော်​မူ​ပါ။ ကျိန်​တော်​မူ​သော သင်္ဘော​သ​ဖန်း​ပင်​သည် သွေ့​ခြောက်​ပါ​ပြီ​တ​ကား​ဟု လျှောက်​လေ၏။- 22 ယေ​ရှု​က​လည်း၊ သင်​တို့​သည်​ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​ခြင်း ရှိ​ကြ​လော့။- 23 ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် ယုံ​မှား​သော​စိတ်​နှင့်​ကင်း၍ မိ​မိ​ဆို​သည်​အ​တိုင်း ဖြစ်​မည်​ဟု ယုံ​ကြည်​လျက်၊ ထို​တောင်​ကို နေ​ရာ​မှ​ရွေ့​လော့၊ ပင်​လယ်၌ ကျ​လော့​ဟု​ဆို​လျှင်၊ ထို​သူ​ဆို​သည်​အ​တိုင်း၊ ဖြစ်​လိမ့်​မည်။-မ၊ ၁၇:၂၀။ ၁​ကော၊ ၁၃:၂။24 ထို​ကြောင့် ငါ​ဆို​သည်​ကား၊ သင်​တို့​သည် ဆု​ကျေး​ဇူး​ကို​ရ​မည်​ဟု ယုံ​ကြည်​သော​စိတ်​နှင့် ဆု​တောင်း​သ​မျှ​တို့​ကို ရ​ကြ​လိမ့်​မည်။- 25 သင်​တို့​သည် ဆု​တောင်း​သော​အ​ခါ သူ​တစ်​ပါး၌ အ​ပြစ်​တင်​ခွင့်​ရှိ​လျှင်၊ သူ့​အ​ပြစ်​ကို လွှတ်​ကြ​လော့။ လွှတ်​လျှင် ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် သင်​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မူ​မည်။-မ၊ ၆:၁၄-၁၅။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.