20 တပည့်တော်တို့သည်လည်း ထွက်သွား၍၊ သခင်ဘုရားသည် မစတော်မူသည်နှင့်လည်းကောင်း၊ သူတို့၌ဖြစ်သော နိမိတ်လက္ခဏာအားဖြင့် နှုတ်ကပတ်တရားတော်ကို တည်စေတော်မူသည်နှင့်လည်းကောင်း ခပ်သိမ်းသောအရပ်တို့၌ တရားဟောကြ၏။
ရှင်မာကုခရစ်ဝင်ပြီး၏။