Pular para o conteúdo
Publicidade

ရှင်မာကု 2

3 ထို​အ​ခါ လက်​ခြေ​သေ​သော​သူ​တစ်​ယောက်​ကို လူ​လေး​ယောက်​တို့​သည် ထမ်း၍ အ​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ၏။- 4 လူ​စု​ဝေး​လျက်​ရှိ​သော​ကြောင့် ကိုယ်​တော်​ရင်း​သို့ မ​ချဉ်း​ကပ်​နိုင်​သ​ဖြင့်၊ ကိုယ်​တော်​ရှိ​ရာ​အ​ပေါ်​မှာ အ​မိုး​ကို ဖောက်​ထွင်း​ပြီး​မှ လူ​နာ​နှင့်​တ​ကွ အိပ်​ရာ​ခု​တင်​ကို လျှော့​ချ​ကြ၏။- 5 ယေ​ရှု​သည် ထို​သူ​တို့၏ ယုံ​ကြည်​ခြင်း​ကို မြင်​လျှင်၊ လက်​ခြေ​သေ​သော​သူ​အား၊ ငါ့​သား၊ သင်၏​အ​ပြစ်​ကို လွတ်​စေ​ပြီ​ဟု မိန့်​တော်​မူ၏။- 6 ထို​အ​ရပ်၌​ထိုင်​သော ကျမ်း​ပြု​ဆ​ရာ​အ​ချို့​တို့​က၊- 7 ဤ​သူ​သည် ဘု​ရား​ကို​လွန်​ကျူး၍ အ​ဘယ်​ကြောင့် ဤ​သို့​ပြော​ရ​သ​နည်း။ ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ဘယ်​သူ​သည် အ​ပြစ်​ကို လွှတ်​နိုင်​သ​နည်း​ဟု စိတ်​ထဲ​မှာ ထင်​မှတ်​ကြ၏။- 8 သူ​တို့​စိတ်​ထဲ​မှာ ထို​သို့ ထင်​မှတ်​ခြင်း​ရှိ​သည်​ကို ယေ​ရှု​သည် မိ​မိ​ဉာဏ်​အား​ဖြင့် ချက်​ချင်း​သိ​တော်​မူ​လျှင်၊ သင်​တို့ စိတ်​ထဲ​မှာ အ​ဘယ်​ကြောင့် ဤ​သို့ ထင်​မှတ်​ကြ​သ​နည်း။- 9 လက်​ခြေ​သေ​သော​သူ​အား အ​ဘယ်​စ​ကား​ကို သာ၍ ပြော​လွယ်​သ​နည်း။ သင်၏​အ​ပြစ်​ကို​လွတ်​စေ​ပြီ​ဟု ပြော​လွယ်​သ​လော။ သင်​ထ​လော့။ ကိုယ်​အိပ်​ရာ​ကို​ဆောင်၍ လှမ်း​သွား​လော့​ဟု ပြော​လွယ်​သ​လော။- 10 လူ​သား​သည် မြေ​ကြီး​ပေါ်​မှာ အ​ပြစ်​လွှတ်​ပိုင်​သည်​ကို သင်​တို့​သိ​စေ​ခြင်း​ငှာ ထ​လော့။- 11 ကိုယ်​အိပ်​ရာ​ကို ဆောင်၍ ကိုယ်​အိမ်​သို့​သွား​လော့​ဟု သင့်​အား ငါ​ဆို​သည်​ဟု လက်​ခြေ​သေ​သော​သူ​အား မိန့်​တော်​မူ၏။- 12 ထို​သူ​သည်​လည်း ချက်​ချင်း​ထ၍ အိပ်​ရာ​ကို​ဆောင်​လျက် လူ​အ​ပေါင်း​တို့​ရှေ့​မှာ ထွက်​သွား၏။ ထို​လူ​အ​ပေါင်း​တို့​သည် မိန်း​မော​တွေ​ဝေ​ခြင်း​ရှိ၍၊ ဤ​ကဲ့​သို့ တစ်​ခါ​မျှ​မ​မြင်​စ​ဖူး​ဟု ပြော​ဆို၍ ဘု​ရား​သ​ခင်၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ၏။

လေ​ဝိ​ကို​ခေါ်​ခြင်း

(မ၊ ၉:၉-၁၃။ လု၊ ၅:၂၇-၃၂)

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.