Pular para o conteúdo
Publicidade

ရှင်မာကု 6

22 ဟေ​ရော​ဒိ၏​သ​မီး​သည် ဝင်၍ က​သ​ဖြင့်၊ ဟေ​ရုဒ်​မှ​စ၍ အ​ပေါင်း​အ​ဖော်​တို့​အား နူး​ညွတ်​သော​စိတ်​ကို ဖြစ်​စေ၏။ ထို​အ​ခါ မင်း​ကြီး​က၊ သင်​သည် အ​လို​ရှိ​သ​မျှ​ကို တောင်း​လော့၊ ငါ​ပေး​မည်​ဟု ထို​မိန်း​မ​ငယ်​အား ဆို​လေ၏။- 23 တစ်​ဖန်​လည်း၊ သင်​တောင်း​သ​မျှ​ကို ငါ့​နိုင်​ငံ တစ်​ဝက်​တိုင်​အောင် ငါ​ပေး​မည်​ဟု ကျိန်​ဆို​လေ၏။- 24 ထို​မိန်း​မ​ငယ်​သည် ထွက်၍ အ​ဘယ်​အ​ရာ​ကို တောင်း​ရ​မည်​နည်း​ဟု သူ၏​အ​မိ​ကို​မေး​လျှင် အ​မိ​က၊ ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်၏ ဦး​ခေါင်း​ကို တောင်း​လော့​ဟု ပြန်​ဆို​သော်၊- 25 ချက်​ချင်း မိန်း​မ​ငယ်​သည် မင်း​ကြီး​ထံ​သို့ အ​လျင်​တ​ဆော​ဝင်၍၊ ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်၏ ဦး​ခေါင်း​ကို ဤ​လင်​ပန်း၌ အ​လျင်​အ​မြန်​ပေး​တော်​မူ​စေ​ခြင်း​ငှာ ကျွန်​မ အ​လို​ရှိ​ပါ​သည်​ဟု တောင်း​လျှောက်၏။- 26 မင်း​ကြီး​သည် အ​လွန်​ဝမ်း​နည်း​ခြင်း​ရှိ​သော်​လည်း၊ ကျိန်​ဆို​ခြင်း​ကို​လည်း​ကောင်း၊ အ​ပေါင်း​အ​ဖော်​တို့၏ မျက်​နှာ​ကို​လည်း​ကောင်း၊ ထောက်​သော​ကြောင့်၊ ထို​မိန်း​မ​ငယ်​ကို မ​ငြင်း​မ​ပယ်​လို၍၊- 27 ဦး​ခေါင်း​ကို ယူ​ခဲ့​ဟု အ​မိန့်​တော်​ရှိ​လျက် လူ​စောင့်​တစ်​ယောက်​ကို ချက်​ချင်း​စေ​လွှတ်​လျှင်၊ လူ​စောင့်​သည်​သွား၍ ယော​ဟန်၏​လည်​ပင်း​ကို ထောင်​ထဲ​မှာ ဖြတ်​လေ၏။- 28 ဦး​ခေါင်း​ကို လင်​ပန်း၌​ဆောင်​ခဲ့၍ ထို​မိန်း​မ​ငယ်​အား ပေး​ပြီး​မှ မိန်း​မ​ငယ်​သည်​လည်း သူ့​အ​မိ​ကို ပေး​လေ၏။-

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.