Pular para o conteúdo
Publicidade

ရှင်မာကု 7

9 သင်​တို့​သည် အ​ဆက်​ဆက်​ခံ​သော နည်း​ဥ​ပ​ဒေ​သ​ကို ကျင့်​ရ​သော​အ​ခွင့် ရှိ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​ကို လျောက်​ပတ်​စွာ ပယ်​ကြ​သည်​တ​ကား။- 10 မော​ရှေ၏ ပ​ညတ်​ကား၊ မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့။ အ​ကြင်​သူ​သည် မိ​ဘ​ကို နှုတ်​ဖြင့်​ပြစ်​မှား၏၊ ထို​သူ​သည် အ​သေ​သတ်​ခြင်း​ကို ခံ​စေ​ဟု လာ​သ​တည်း။-ထွ၊ ၂၀:၁၂၊ ၂၁:၁၇။ ဝတ်၊ ၂၀:၉။ တ​ရား၊၅:၁၆။11 သင်​တို့​မူ​ကား၊ အ​ကြင်​သူ​သည် ကိုယ်​မိ​ဘ​ကို သင်​တို့​အ​သုံး​ရ​နိုင်​သ​မျှ​သော ငါ၏​ဥ​စ္စာ​သည် အ​လှူ​ဝ​တ္ထု​တည်း​ဟူ​သော ကော်​ဘန်​ဖြစ်​စေ​ဟု ဆို၏။- 12 ထို​သူ​သည် မိ​ဘ​ဝတ်​ကို အ​လျှင်း​မ​ပြု​ရ​ဟု မြစ်​တား၍၊- 13 မိ​မိ​တို့ အ​ဆက်​ဆက်​ခံ​သော နည်း​ဥ​ပ​ဒေ​သ​အား​ဖြင့် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​ကို ပယ်​ကြ၏။ ထို​သို့​သော အ​ကျင့်​အ​လေ့​များ​တို့​ကို သင်​တို့​သည် ကျင့်​လေ့​ရှိ​ကြ​သည်​ဟု မိန့်​တော်​မူ၏။

လူ​ကို​ညစ်​ညူး​စေ​သော​အ​ရာ

(မ၊ ၁၅:၁၀-၂၀)

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.