Pular para o conteúdo
Publicidade

မာလခိ 2

15 တစ်​ဦး​တည်း​ကို​သာ ဖန်​ဆင်း​တော်​မူ​ပြီ​မ​ဟုတ်​လော။ သို့​သော်​လည်း၊ ကိုယ်​တော်၌ ဝိ​ညာဉ်​တော် အ​ကျန်​အ​ကြွင်း​ရှိ၏။ အ​ဘယ်​ကြောင့် တစ်​ဦး​တည်း​ကို​သာ ဖန်​ဆင်း​တော်​မူ​သ​နည်း​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​နှင့် ထိုက်​တန်​သော​အ​မျိုး​ကို​ရှာ၍ ထို​သို့ ဖန်​ဆင်း​တော်​မူ၏။ သို့​ဖြစ်၍၊ ကိုယ်​စိတ်​သ​ဘော​ကို ချုပ်​တည်း​ကြ​လော့။ အ​သက်​ပျို​စဉ်​အ​ခါ လက်​ထပ်​သော​မ​ယား​ကို သ​စ္စာ​ဖျက်၍ မ​ပြစ်​မှား​ကြ​နှင့်။ 16 မ​ယား​ကို​စွန့်​ခြင်း​အ​မှု၊ မိ​မိ​ခင်​ပွန်း၌ ပြစ်​မှား​သော​အ​ပြစ်​ကို ဖုံး​အုပ်​ခြင်း​အ​မှု​ကို ငါ​မုန်း​သည်​ဟု၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ထို​ကြောင့်၊ ကိုယ်​စိတ်​သ​ဘော​ကို ချုပ်​တည်း​ကြ​လော့။ သ​စ္စာ​ကို မ​ဖျက်​ကြ​နှင့်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também

Malaquias
Ver todos os capítulos de Malaquias