37 အကြင်သူသည် ငါ့ကိုချစ်သည်ထက် မိဘကို သာ၍ချစ်၏။ ထိုသူသည် ငါနှင့်မထိုက်မတန်။ အကြင်သူသည် ငါ့ကို ချစ်သည်ထက် သားသမီးကို သာ၍ချစ်၏။ ထိုသူသည် ငါနှင့် မထိုက်မတန်။- 38 အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့မလိုက်၊ ထိုသူသည် ငါနှင့် မထိုက်မတန်။-မ၊ ၁၆:၂၄။ မာ၊ ၈:၃၄။ လု၊ ၉:၂၃။39 မိမိအသက်ကို တွေ့သောသူသည် အသက်ရှုံးလိမ့်မည်။ ငါ့ကြောင့် မိမိအသက်ရှုံးသောသူမူကား အသက်ကို တွေ့လိမ့်မည်။-မ၊ ၁၆:၂၅။ မာ၊ ၈:၃၅။ လု၊ ၉:၂၄၊ ၁၇:၃၃။ ယော၊ ၁၂:၂၅။