29 လာခဲ့လော့ဟု မိန့်တော်မူ၏။ ပေတရုသည် လှေပေါ်ကဆင်း၍ ယေရှုထံသို့ရောက်အံ့သောငှာ ရေပေါ်မှာ လှမ်းသွား၏။- 30 လေပြင်းသည်ကိုမြင်လျှင် ကြောက်လန့်၍ နစ်မွန်းလုသည်ရှိသော်၊ ကယ်မတော်မူပါသခင်ဟု ဟစ်ကြော်လေ၏။- 31 ယေရှုသည် လက်တော်ကို ချက်ချင်းဆန့်၍ ပေတရုကို ကိုင်တော်မူလျက်၊ ယုံကြည်အားနည်းသောသူ၊ အဘယ်ကြောင့် ယုံမှားသောစိတ် ဝင်သနည်းဟု မေးတော်မူ၏။-