Pular para o conteúdo
Publicidade

ရှင်မဿဲ 15

3 ကိုယ်​တော်​က၊ သင်​တို့​သည် အ​ဆက်​ဆက်​ခံ​သော နည်း​ဥ​ပ​ဒေ​သ​ကို အ​မှီ​ပြု၍ ဘု​ရား​သ​ခင်၏​ပ​ညတ်​တော်​ကို အ​ဘယ်​ကြောင့် လွန်​ကျူး​ကြ​သ​နည်း။- 4 ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​ကား၊ မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့။ အ​ကြင်​သူ​သည် မိ​ဘ​ကို နှုတ်​ဖြင့်​ပြစ်​မှား၏၊ ထို​သူ​သည် အ​သေ​သတ်​ခြင်း​ကို ခံ​စေ​ဟု​လာ​သ​တည်း။-ထွ၊ ၂၀:၁၂၊ ၂၁:၁၇။ တ​ရား၊ ၅:၁၆။ ဝတ်၊ ၂၀:၉။5 သင်​တို့​မူ​ကား၊ အ​ကြင်​သူ​သည် ကိုယ်​မိ​ဘ​ကို၊ သင်​တို့​အ​သုံး​ရ​နိုင်​သ​မျှ​သော ငါ၏​ဥ​စ္စာ​သည် အ​လှူ​ဝ​တ္ထု ဖြစ်​စေ​ဟု​ဆို၏၊- 6 ထို​သူ​သည် ကိုယ်​မိ​ဘ​ကို​ပင် ရို​သေ​စွာ​မ​ပြု​ရ​ဟု ဆို၏။ ထို​သို့​သင်​တို့​သည် အ​ဆက်​ဆက်​ခံ​သော နည်း​ဥ​ပ​ဒေ​သ​အား​ဖြင့် ဘု​ရား​သ​ခင်၏​ပ​ညတ်​တော်​ကို ပယ်​ကြ၏။- 7 လျှို့​ဝှက်​သော​သူ​တို့၊ ဟေ​ရှာ​ယ​သည် သင်​တို့​ကို​ရည်​မှတ်​လျက် ဤ​လူ​မျိုး​သည် နှုတ်​နှင့် ငါ့​ထံ​သို့ ချဉ်း​ကပ်၍ နှုတ်​ခမ်း​နှင့် ငါ့​ကို ရို​သေ​ကြ၏။ စိတ်​နှ​လုံး​မူ​ကား ငါ​နှင့် ဝေး​လှ၏။- 8 လူ​တို့​စီ​ရင်​သော ပ​ညတ်​တို့​ကို သွန်​သင်၍ နည်း​ဥ​ပ​ဒေ​သ​ပေး​လျက်​ပင် ငါ့​ကို အ​ချည်း​နှီး​ကိုး​ကွယ်​ကြ၏​ဟု- 9 နောက်​ဖြစ်​လ​တ္တံ့​သော​အ​ရာ​ကို လျောက်​ပတ်​စွာ ဟော​ခဲ့​ပြီ​ဟု ပြန်၍​မိန့်​တော်​မူ၏။-ဟေ​ရှာ၊ ၂၉:၁၃။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também