Pular para o conteúdo
Publicidade

ရှင်မဿဲ 17

အ​ဆင်း​သ​ဏ္ဌာန်​ပြောင်း​လဲ​ခြင်း

1 ခြောက်​ရက်​လွန်​သော​အ​ခါ ယေ​ရှု​သည် ပေ​တ​ရု၊ ယာ​ကုပ်၊ ယာ​ကုပ်​ညီ ယော​ဟန်​တို့​ကို ခေါ်၍၊ မြင့်​လှ​စွာ​သော တောင်​ပေါ်​တွင် ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ ဆောင်​ကြွ​တော်​မူ၏။-၂​ပေ၊၁:၁၇-၁၈။2 သူ​တို့​ရှေ့၌ ထူး​ခြား​သော​အ​ဆင်း​အ​ရောင်​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊ မျက်​နှာ​တော်​သည် နေ​ကဲ့​သို့ ထွန်း​တောက်​လျက်၊ အ​ဝတ်​တော်​သည် အ​လင်း​ကဲ့​သို့ ဖြူ​လျက်​ရှိ၏။- 3 မော​ရှေ​နှင့် ဧ​လိ​ယ​သည် ထင်​ရှား၍ ကိုယ်​တော်​နှင့်​အ​တူ စ​ကား​ပြော​လျက် နေ​ကြ၏။- 4 ထို​အ​ခါ ပေ​တ​ရု​က၊ သ​ခင်၊ ဤ​အ​ရပ်၌ နေ​ဖွယ်​ကောင်း​ပါ၏။ ကိုယ်​တော်​ဖို့ တဲ​တစ်​ဆောင်၊ မော​ရှေ​ဖို့ တစ်​ဆောင်၊ ဧ​လိ​ယ​ဖို့ တစ်​ဆောင်၊ တဲ​သုံး​ဆောင်​ကို အ​လို​တော်​ရှိ​လျှင် အ​ကျွန်ုပ်​တို့​သည် ဆောက်​လုပ်​ပါ​မည်​ဟု လျှောက်​လေ၏။- 5 ထို​သို့​လျှောက်​စဉ်​တွင်၊ ထွန်း​လင်း​သော​မိုး​တိမ်​သည် ထို​သူ​တို့​ကို လွှမ်း​မိုး၍၊ ဤ​သူ​သည် ငါ​နှစ်​သက် မြတ်​နိုး​ရာ၊ ငါ၏​ချစ်​သား​ပေ​တည်း။ သူ၏​စ​ကား​ကို နား​ထောင်​ကြ​လော့​ဟု မိုး​တိမ်​က အ​သံ​တော်​ဖြစ်​လေ၏။-က၊ ၂၂:၂။ တ​ရား၊ ၁၈:၁၅။ ဆာ၊ ၂:၇။ ဟေ​ရှာ၊ ၄၂:၁။ မ၊ ၃:၁၇၊ ၁၂:၁၈။ မာ၊ ၁:၁၁။ လု၊ ၃:၂၂။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também