Pular para o conteúdo
Publicidade

ရှင်မဿဲ 17

14 လူ​အ​စု​အ​ဝေး​ရှိ​ရာ​သို့ ရောက်​ကြ​သော​အ​ခါ၊ လူ​တစ်​ယောက်​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်၍ ဒူး​ထောက်​လျက်၊ သ​ခင်၊- 15 အ​ကျွန်ုပ်၏​သား​ကို ကယ်​မ​သ​နား​တော်​မူ​ပါ။ ဝက်​ရူး​နာ​စွဲ၍ ပြင်း​စွာ​ခံ​စား​ရ​ပါ၏။ မီး၌​လည်း​ကောင်း၊ ရေ၌​လည်း​ကောင်း အ​ကြိမ်​ကြိမ် လဲ​တတ်​ပါ၏။- 16 တ​ပည့်​တော်​တို့​ထံ​သို့ ဆောင်​ခဲ့၍ သူ​တို့​သည် ချမ်း​သာ​မ​ပေး​နိုင်​ကြ​ပါ​ဟု လျှောက်​လျှင်၊- 17 ယေ​ရှု​က၊ ယုံ​ကြည်​ခြင်း​မ​ရှိ၊ ဖောက်​ပြန်​သော​အ​မျိုး၊ ငါ​သည် သင်​တို့​နှင့်​တ​ကွ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး နေ​ရ​မည်​နည်း။ သင်​တို့​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး သည်း​ခံ​ရ​မည်​နည်း။ သူ​ငယ်​ကို ငါ့​ထံ​သို့​ယူ​ခဲ့​ကြ​ဟု မိန့်​တော်​မူ၏။- 18 ယေ​ရှု​သည် သူ့​ကို​ဆုံး​မ​တော်​မူ​လျှင်၊ နတ်​ဆိုး​သည် သူ​မှ​ထွက်​သွား​သ​ဖြင့်၊ ထို​ခ​ဏ​မှ​စ၍ သူ​ငယ်​သည် ကျန်း​မာ​ပ​က​တိ ဖြစ်​လေ၏။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.