ဗိမာန်တော်အခွန်ပေးခြင်း
24 ကပေရနောင်မြို့သို့ ရောက်သောအခါ၊ ဗိမာန်တော်အခွန်တည်းဟူသော ဒိဒြမ္မကို ခံသောသူတို့သည် ပေတရုဆီသို့လာ၍ သင်၏ဆရာသည် ဒိဒြမ္မကို မပေးသလောဟု မေးမြန်းလျှင်၊ ပေးပါသည်ဟု ပေတရုဆို၏။ထွ၊ ၃၀:၁၃၊၃၈:၂၆။25 ပေတရုသည် အိမ်သို့ဝင်သောအခါ၊ ယေရှုသည် တင်ကူး၍၊ အချင်းရှိမုန်၊ သင်သည်အဘယ်သို့ ထင်သနည်း။ လောကီရှင်ဘုရင်တို့သည် အဘယ်သူမှာ အခွန်ကိုခံကြသနည်း။ မိမိသားမှာ ခံကြသလော။ သူတစ်ပါးမှာ ခံကြသလော၊ ဟုမေးတော်မူလျှင်၊ 26 ပေတရုက၊ သူတစ်ပါးမှာခံကြပါသည်ဟု လျှောက်သော်၊ ယေရှုကလည်း သို့ဖြစ်လျှင် သားမူကား လွတ်ရ၏။ သို့သော်လည်း ထိုသူတို့သည် ငါတို့ကြောင့် မမှားယွင်းမည်အကြောင်း၊ အိုင်သို့သွား၍ ငါးမျှားကိုချလော့။ 27 ရှေ့ဦးစွာရသောငါးကို ယူ၍ ပါးစပ်ကိုဖွင့်လျှင်၊ သတာတဲတစ်ပြားကိုတွေ့လိမ့်မည်။ ထိုငွေကိုယူ၍ ငါ့အဖို့နှင့် သင့်အဖို့ ထိုသူတို့အားပေးလော့ဟု မိန့်တော်မူ၏။