Pular para o conteúdo
Publicidade

ရှင်မဿဲ 18

ပြစ်​မှား​သူ​ညီ​အစ်​ကို

15 ထို​ကြောင့် သင်၏​ညီ​အစ်​ကို​သည် သင့်​ကို​ပြစ်​မှား​လျှင်၊ သူ့​ဆီ​သို့​သွား၍ နှစ်​ယောက်​တည်း​ချင်း သူ၏​အ​ပြစ်​ကို​ပြ၍ ဆုံး​မ​လော့။ သူ​သည် သင်၏​စ​ကား​ကို နား​ထောင်​လျှင် ညီ​အစ်​ကို ကို​ရ​ပြီ။-လု၊ ၁၇:၃။16 သို့​မ​ဟုတ် သင်၏​စ​ကား​ကို နား​မ​ထောင်​လျှင်။ လူ​နှစ်​ဦး​သုံး​ဦး သက်​သေ​ခံ၍ စ​ကား​ရှိ​သ​မျှ​တို့​ကို တည်​စေ​ခြင်း​ငှာ ကိုယ်​နှင့်​အ​တူ လူ​တစ်​ဦး​နှစ်​ဦး​ကို ခေါ်​ဦး​လော့။-တ​ရား၊၁၉:၁၅။17 ထို​သူ​တို့၏​စ​ကား​ကို နား​မ​ထောင်​လျှင် အ​သင်း​တော်​အား ကြား​ပြော​လော့။ အ​သင်း​တော်၏​စ​ကား​ကို နား​မ​ထောင်​လျှင်၊ သာ​သ​နာ​ပ​လူ ကဲ့​သို့​လည်း​ကောင်း၊ အ​ခွန်​ခံ ကဲ့​သို့​လည်း​ကောင်း ထို​သူ​ကို​မှတ်​လော့။- 18 ငါ​အ​မှန်​ဆို​သည်​ကား၊ မြေ​ကြီး​ပေါ်​မှာ သင်​တို့ ချည်​နှောင်​သ​မျှ​သည် ကောင်း​ကင်​ဘုံ၌ ချည်​နှောင်​လျက် ရှိ​လိမ့်​မည်။ မြေ​ကြီး​ပေါ်​မှာ ဖြည်​လွှတ်​သ​မျှ​သည် ကောင်း​ကင်​ဘုံ၌ ဖြည်​လွှတ်​လျက် ရှိ​လိမ့်​မည်။-မ၊ ၁၆:၁၉။ ယော၊ ၂၀:၂၃။19 တစ်​ဖန် ငါ​ဆို​သည်​ကား၊ မြေ​ကြီး​ပေါ်​မှာ သင်​တို့​တွင် နှစ်​ယောက်​တို့​သည် သ​ဘော​ချင်း​တူ၍ ဆု​တောင်း​လျှင်၊ တောင်း​သ​မျှ​သော​ဆု​တို့​ကို ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော ငါ၏​ခ​မည်း​တော်​သည် ပေး​တော်​မူ​လ​တ္တံ့။- 20 အ​ကြောင်း​မူ​ကား၊ အ​ကြင်​အ​ရပ်၌ လူ​နှစ်​ဦး​သုံး​ဦး​သုံး​ဦး​တို့​သည် ငါ၏​နာ​မ​ကို​ထောက်၍ စည်း​ဝေး​ကြ၏။ ထို​အ​ရပ်၌ သူ​တို့​အ​လယ်​မှာ ငါရှိ​သည်​ဟု​မိ​န့်​တော်​မူ၏။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também