Pular para o conteúdo
Publicidade

ရှင်မဿဲ 2

3 ထို​စ​ကား​ကို​ကြား​လျှင် ဟေ​ရုဒ်​မင်း​ကြီး​သည် ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား အ​ပေါင်း​တို့​နှင့်​တ​ကွ စိတ်​ပူ​ပန်​ခြင်း​သို့ ရောက်​သ​ဖြင့်၊- 4 ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​တို့​တွင် ကျမ်း​ပြု​ဆ​ရာ​ရှိ​သ​မျှ​တို့​ကို စု​ဝေး​စေ၍ ခ​ရစ်​တော်​ကို အ​ဘယ်​အ​ရပ်​မှာ ဖွား​မြင်​လိမ့်​မည်​နည်း​ဟု မေး​မြန်း​တော်​မူ၏။- 5 ထို​ဆ​ရာ​တို့​က​လည်း၊ ပ​ရော​ဖက်​တစ်​ဦး ရေး​ထား​သော​အ​ချက် ဟူ​မူ​ကား၊- 6 အို ယု​ဒ​ပြည်​ဗက်​လင်​မြို့၊ အ​စိုး​ရ​သော​ယု​ဒ​မြို့​တို့​တွင် သင်​သည် မြို့​ငယ်​မြို့​ယုတ်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား၊ ငါ၏​လူ​စု ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​ရ​သော​သ​ခင်​သည် သင်၏​အ​ထဲ​မှာ ပေါ်​ထွန်း​လ​တ္တံ့​ဟု ကျမ်း​လာ​ရှိ​ပါ၏။ ထို​ကြောင့် ယု​ဒ​ပြည်​ဗက်​လင်​မြို့၌ ခ​ရစ်​တော်​ကို ဖွား​မြင်​ရ​ပါ​မည်​ဟု မင်း​ကြီး​အား ပြန်​ကြား​လျှောက်​ထား​ကြ၏။-မိ၊ ၅:၂။

7 ထို​အ​ခါ ဟေ​ရုဒ်​မင်း​ကြီး​သည်၊ မာ​ဂု​ပ​ညာ​ရှိ​တို့​ကို မ​ထင်​မ​ရှား​ခေါ်၍ ကြယ်​ပေါ်​ထွန်း​သော အ​ချိန်​ကာ​လ​ကို စေ့​စေ့​မေး​မြန်း​ပြီး​မှ၊- 8 သင်​တို့​သွား၍ ထို​သူ​ငယ်​ကို ကြိုး​စား​ရှာ​ကြ​ပါ။ တွေ့​လျှင် ငါ့​ထံ​သို့​ပြန်​လာ၍ ငါ​လည်း ထို​သူ​ငယ်​ကို ဖူး​တွေ့​ပူ​ဇော်​ရ​အောင် ကြား​ပြော​ကြ​ပါ​ဟု မှာ​ထား​တော်​မူ​လျက်၊ ဗက်​လင်​မြို့​သို့ စေ​လွှတ်​လေ၏။-

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.