Pular para o conteúdo
Publicidade

ရှင်မဿဲ 22

ထ​မြောက်​ရှင်​ပြန်​ခြင်း​ပြဿ​နာ

23 ထ​မြောက်​ရှင်​ပြန်​ခြင်း​မ​ရှိ​ဟူ၍ အ​ယူ​ရှိ​သော ဇ​ဒ္ဒု​ကဲ​တို့​သည် ထို​နေ့၌ အ​ထံ​တော်​သို့​ချဉ်း​ကပ်၍၊-တ၊ ၂၃:၈။24 အ​ရှင်​ဘု​ရား၊ လူ​မည်​သည်​ကား သား​မ​ရှိ​ဘဲ​သေ​လျှင်၊ သူ၏​မ​ယား​ကို သူ့​ညီ​သိမ်း​ယူ၍ အစ်​ကို​အ​မျိုး မ​ပြတ်​ဆက်​နွယ်​စေ​ဟု မော​ရှေ​စီ​ရင်​ပါ​ပြီ။-တ​ရား၊၂၅:၅။25 အ​ကျွန်ုပ်​တို့​တွင် ညီ​အစ်​ကို​ခု​နစ်​ယောက် ရှိ​ပါ၏။ အစ်​ကို​အ​ကြီး​သည် မိန်း​မ​နှင့်​စုံ​ဖက်၍ သား​မ​ရှိ​ဘဲ​သေ​သ​ဖြင့် မိ​မိ​မ​ယား​ကို မိ​မိ​ညီ​နှင့် ကျန်​ရစ်​စေ၏။- 26 ထို​အ​တူ တစ်​ယောက်​နောက်​တစ်​ယောက် ခု​နစ်​ယောက်​သော​ညီ​အစ်​ကို​တို့​သည် ထို​မိန်း​မ​နှင့် စုံ​ဖက်​ပြီး​မှ သေ​ကြ၏။- 27 နောက်​ဆုံး၌ မိန်း​မ​သည်​လည်း သေ​လေ၏။- 28 သို့​ဖြစ်၍ ထ​မြောက်​ရာ​ကာ​လ၌ ထို​မိန်း​မ​သည် ခု​နစ်​ယောက်​သော​ညီ​အစ်​ကို​တို့​တွင် အ​ဘယ်​သူ၏​မ​ယား ဖြစ်​ရ​ပါ​မည်​နည်း။ ထို​သူ​အ​ပေါင်း​တို့​သည် ထို​မိန်း​မ​နှင့် စုံ​ဖက်​ခြင်း​ကို ပြု​ကြ​ပြီ​ဟု မေး​လျှောက်​ကြ၏။- 29 ယေ​ရှု​က​လည်း၊ သင်​တို့​သည် ကျမ်း​စာ​ကို​နား​မ​လည်၊ ဘု​ရား​သ​ခင်၏​တန်​ခိုး​တော်​ကို မ​သိ​သော​ကြောင့် မှား​သော​အ​ယူ​ကို ယူ​ကြ၏။- 30 ထ​မြောက်​ရာ​ကာ​လ၌ စုံ​ဖက်​ခြင်း​ကို မ​ပြု၊ ထိမ်း​မြား​ပေး​စား​ခြင်း​ကို မ​ပြု။- 31 ကောင်း​ကင်​သား​ဘု​ရား​သ​ခင်၏ တ​မန်​တော်​ကဲ့​သို့ ဖြစ်​ကြ၏။- 32 ထို​မှ​တစ်​ပါး သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​အ​ရာ​မှာ၊ ဘု​ရား​သ​ခင်​က၊ ငါ​သည် အာ​ဗြ​ဟံ၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား၊ ယာ​ကုပ်၏​ဘု​ရား​ဖြစ်​သည်​ဟု သင်​တို့​အား​မိန့်​မြွက်​တော်​မူ​ကြောင်း​ကို သင်​တို့​သည် မ​ဖတ်​ဖူး​သ​လော။ ဘု​ရား​သ​ခင်​သည် သေ​နေ​သော​သူ​တို့၏ ဘု​ရား​မ​ဟုတ်၊ အ​သက်​ရှင်​သော​သူ​တို့၏ ဘု​ရား​ဖြစ်​တော်​မူ​သည်​ဟု မိန့်​တော်​မူ၏။-ထွ၊ ၃:၆။33 ပ​ရိ​သတ်​များ​တို့​သည် ကြား​ရ​လျှင် ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ​သည်​ကို အံ့​ဩ​ခြင်း​ရှိ​ကြ၏။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também