Pular para o conteúdo
Publicidade

ရှင်မဿဲ 25

14 ဥ​ပ​မာ​ကား၊ လူ​တစ်​ဦး​သည် အ​ခြား​သော​ပြည်​သို့​သွား​မည်​ဟု အ​ကြံ​ရှိ​လျက်၊ မိ​မိ​ငယ်​သား​တို့​ကို​ခေါ်၍ မိ​မိ​ဥ​စ္စာ​များ​ကို အပ်​ပေး၏။ သူ​တို့​သည် အ​သီး​အ​သီး အ​စွမ်း​သ​တ္တိ​ရှိ​သည်​အ​တိုင်း၊ တစ်​ဦး၌ ငွေ​အ​ခွက်​ငါး​ဆယ်၊-လု၊ ၁၉:၁၁-၂၇။15 တစ်​ဦး၌ အ​ခွက်​နှစ်​ဆယ်၊ တစ်​ဦး၌ အ​ခွက်​တစ်​ဆယ်​ကို အပ်​ပေး​ပြီး​မှ ချက်​ချင်း​သွား​လေ၏။- 16 အ​ခွက်​ငါး​ဆယ်​ကို​ခံ​သော​သူ​သည် သွား၍​ကုန်​သွယ်​ခြင်း​ကို ပြု​သ​ဖြင့် အ​ခြား​သော​အ​ခွက်​ငါး​ဆယ်​ကို အ​မြတ်​ရ​လေ၏။- 17 ထို​နည်း​တူ အ​ခွက်​နှစ်​ဆယ်​ကို ခံ​သော​သူ​သည်​လည်း၊ အ​ခြား​သော အ​ခွက်​နှစ်​ဆယ်​ကို အ​မြတ်​ရ​လေ၏။- 18 အ​ခွက်​တစ်​ဆယ်​ကို ခံ​သော​သူ​မူ​ကား၊ သွား၍ မြေ၌​တွင်း​တူး​ပြီး​လျှင် အ​ရှင်၏​ငွေ​ကို ဝှက်​ထား​လေ၏။

19 ကာ​လ​ကြာ​မြင့်​ပြီး​မှ ထို​ငယ်​သား​တို့၏ အ​ရှင်​သည် လာ၍ သူ​တို့​ကို စာ​ရင်း​ယူ​လေ၏။- 20 အ​ခွက်​ငါး​ဆယ်​ကို ခံ​သော​သူ​သည် ချဉ်း​ကပ်၍ အ​ခြား​သော​အ​ခွက်​ငါး​ဆယ်​ကို ဆက်​လျက်၊ သ​ခင်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၌ အ​ခွက်​ငါး​ဆယ်​ကို အပ်​ပေး​တော်​မူ၏။ အ​ခြား​သော​အ​ခွက်​ငါး​ဆယ်​ကို အ​ကျွန်ုပ် အ​မြတ်​ရ​ပါ​ပြီ​ဟု လျှောက်​လေ၏။- 21 အ​ရှင်​က​လည်၊ သာ​ဓု၊ သ​စ္စာ​ရှိ​သော ငယ်​သား​ကောင်း၊ သင်​သည် အ​မှု​ငယ်၌ သ​စ္စာ​စောင့်​လေ​ပြီ။ များ​စွာ​သော အ​မှု​အ​ခွင့်​ကို သင်၌​ငါ​အပ်​ပေး​မည်။ သင်၏​သ​ခင်​နှင့်​အ​တူ စည်း​စိမ်​ကို ဝင်​စား​လော့​ဟု မိန့်​တော်​မူ၏။- 22 အ​ခွက်​နှစ်​ဆယ်​ကို ခံ​သော​သူ​သည်​လည်း ချဉ်း​ကပ်၍ သ​ခင်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၌ အ​ခွက်​နှစ်​ဆယ်​ကို အပ်​ပေး​တော်​မူ၏။ အ​ခြား​သော​အ​ခွက်​နှစ်​ဆယ်​ကို အ​ကျွန်ုပ်​အ​မြတ်​ရ​ပါ​ပြီ​ဟု လျှောက်​လေ​သော်၊- 23 အ​ရှင်​က၊ သာ​ဓု သ​စ္စာ​ရှိ​သော​ငယ်​သား​ကောင်း၊ သင်​သည် အ​မှု​ငယ်၌ သ​စ္စာ​စောင့်​လေ​ပြီ။ များ​စွာ​သော အ​မှု​အ​ခွင့်​ကို သင်၌ ငါ​အပ်​ပေး​မည်။ သင်၏​သ​ခင်​နှင့်​အ​တူ စည်း​စိမ်​ကို​ဝင်​စား​လော့​ဟု မိန့်​တော်​မူ၏။

24 အ​ခွက်​တစ်​ဆယ်​ကို ခံ​သော​သူ​သည်​လည်း ချဉ်း​ကပ်၍ သ​ခင်၊ ကိုယ်​တော်​သည် ခဲ​ယဉ်း​သော​သူ​ဖြစ်​သည်​နှင့် ကိုယ်​မ​စိုက်​မ​ပျိုး​သော​အ​ရပ်၌ ရိတ်၍၊ ကိုယ်​မ​ဖြန့်​မ​ကြဲ​သော​အ​ရပ်၌ စု​သိမ်း​တတ်​သည်​ကို အ​ကျွန်ုပ်​သိ၍၊- 25 ကြောက်​သော​ကြောင့်၊ အ​ခြား​သို့​သွား၍ ကိုယ်​တော်၏ ငွေ​အ​ခွက်​တစ်​ဆယ်​ကို မြေ၌​ဝှက်​ထား​ပါ​ပြီ။ ယ​ခု ကိုယ်​တော်၏ ဥ​စ္စာ​ရှိ​ပါ​သည်​ဟု လျှောက်၏။- 26 အ​ရှင်​က​လည်း၊ ဆိုး​ညစ်​ပျင်း​ရိ​သော​ငယ်​သား၊ ငါ​သည် ကိုယ်​မ​စိုက်​မ​ပျိုး​သော​အ​ရပ်၌ ရိတ်၍၊ ကိုယ်​မ​ဖြန့်​မ​ကြဲ​သော​အ​ရပ်၌ စု​သိမ်း​သည်​ကို သင်​သိ​သည်​မှန်​လျှင်၊- 27 ငါ့​ငွေ​ကို ပွဲ​စား​လက်​သို့​အပ်​ရ​မည်။ ထို​သို့​အပ်​လျှင် ငါ​ပြန်​လာ​သော​အ​ခါ ငွေ​ရင်း​နှင့် အ​တိုး​ကို ရ​နိုင်၏။- 28 ထို​ကြောင့် အ​ခွက်​တစ်​ဆယ်​ကို ထို​သူ၏ လက်​မှ​နုတ်​ကြ။ အ​ခွက်​တစ်​ရာ​ရှိ​သော​သူ​ကို ပေး​ကြ။- 29 အ​ကြောင်း​မူ​ကား၊ အ​ကြင်​သူ​သည် ရ​တတ်၏။ ထို​သူ၌ ကြွယ်​ဝ​ပြည့်​စုံ​စေ​ခြင်း​ငှာ ပေး​ဦး​မည်။ အ​ကြင်​သူ​သည် ဆင်း​ရဲ၏။ ထို​သူ၌​ရှိ​သ​မျှ​ကို​ပင် နုတ်​လိမ့်​မည်။-မ၊ ၁၃:၁၂။ မာ၊ ၄:၂၅။ လု၊ ၈:၁၈။30 အ​သုံး​မ​ရ​သော ထို​ငယ်​သား​ကို ငို​ကြွေး​ခြင်း၊ အံ​သွား​ခဲ​ကြိတ်​ခြင်း​ရှိ​ရာ၊ ပြင်​အ​ရပ်​မှောင်​မိုက်​ထဲ​သို့ နှင်​ထုတ်​ချ​လိုက်​ကြ​ဟု စီ​ရင်​တော်​မူ၏။မ၊ ၈:၁၂၊ ၂၂:၁၃။ လု၊ ၁၃:၂၈။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.