Pular para o conteúdo
Publicidade

ရှင်မဿဲ 25

36 ငါ​သည် အ​ဝတ်​အ​ချည်း​စည်း​ရှိ​သော​အ​ခါ သင်​တို့​သည် အ​ဝတ်​နှင့် ဖုံး​လွှမ်း​ကြ၏။ ငါ​သည် အ​နာ​ရော​ဂါ စွဲ​သော​အ​ခါ သင်​တို့​သည် ကြည့်​ရှု​ပြု​စု​ကြ၏။ ငါ​သည် ထောင်​ထဲ​မှာ​နေ​ရ​သော​အ​ခါ သင်​တို့​သည် ငါ့​ထံ​သို့​လာ​ကြ၏​ဟု မိန့်​တော်​မူ​လျှင်၊- 37 ဖြောင့်​မတ်​သော​သူ​တို့​က၊ သ​ခင်၊ ကိုယ်​တော်​သည် မွတ်​သိပ်​တော်​မူ​သည်​ကို အ​ဘယ်​အ​ခါ၌ အ​ကျွန်ုပ်​တို့​သည်​မြင်၍ ကိုယ်​တော်​ကို လုပ်​ကျွေး​ပါ​သ​နည်း။ ရေ​ငတ်​တော်​မူ​သည်​ကို အ​ဘယ်​အ​ခါ၌ အ​ကျွန်ုပ်​တို့​သည် မြင်၍ ကိုယ်​တော်​ကို သောက်​ဖို့ ပေး​ပါ​သ​နည်း။- 38 ဧည့်​သည်​ဖြစ်​တော်​မူ​သည်​ကို အ​ဘယ်​အ​ခါ၌ အ​ကျွန်ုပ်​တို့​သည်​မြင်၍ ဧည့်​သည်​ဝတ်​ကို ကိုယ်​တော်​အား ပြု​ပါ​သ​နည်း။ အ​ဝတ်​အ​ချည်း​စည်း​ရှိ​တော်​မူ​သည်​ကို အ​ဘယ်​အ​ခါ၌ အ​ကျွန်ုပ်​တို့​သည်​မြင်၍ ကိုယ်​တော်​ကို အ​ဝတ်​နှင့်​ဖုံး​လွှမ်း​ပါ​သ​နည်း။- 39 အ​နာ​စွဲ​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ထောင်​ထဲ​မှာ နေ​တော်​မူ​သည်​ကို​လည်း​ကောင်း၊ အ​ဘယ်​အ​ခါ၌ အ​ကျွန်ုပ်​တို့​သည် မြင်၍ အ​ထံ​တော်​သို့ ရောက်​ပါ​သ​နည်း​ဟု ပြန်၍​လျှောက်​ကြ​သော်၊- 40 မင်း​ကြီး​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် ဤ​သူ​တည်း​ဟူ​သော ငါ့​ညီ​တို့​တွင် အ​ငယ်​ဆုံး​သော သူ​တစ်​ယောက်​အား ပြု​ကြ​သ​မျှ​တို့​ကို ငါ့​အား​ပြု​ကြ​ပြီ​ဟု ပြန်၍​မိန့်​တော်​မူ​လ​တ္တံ့။-

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também