ဗတ္တိဇံဆရာယောဟန်ဟောပြောခြင်း
1 ထိုကာလအခါ ဗတ္တိဇံဆရာယောဟန်သည် ပေါ်ထွန်းလျှင်၊ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ။- 2 ထိုကြောင့် နောင်တရကြလော့ဟု ယုဒတော၌ ဟောလေ၏။မ၊ ၄:၁၇။ မာ၊ ၁:၁၅။3 ပရောဖက်ဟေရှာယ ဟောဖူးသည်ကား၊ တော၌ဟစ်ကျော်သောသူ၏ အသံမှာ၊ ထာဝရဘုရား ကြွတော်မူရာလမ်းကို ပြင်ကြလော့။ လမ်းခရီးတော်ကို ဖြောင့်စေကြလော့ ဟူသောအချက်၌ ထိုယောဟန်ကို ဆိုလိုသတည်း။ဟေရှာ၊ ၄၀:၃။4 ယောဟန်သည် ကုလားအုတ်အမွေးနှင့်ရက်သော အဝတ်ကိုဝတ်လျက်၊ ခါး၌သားရေခါးပန်းကို စည်းလျက်၊ ကျိုင်းကောင်နှင့် တော၌ဖြစ်သော ပျားရည်ကို စားလျက်နေ၏။၄ရာ၊၁:၈။5 ထိုအခါ ယေရုရှလင်မြို့မှစ၍ ယုဒပြည်သူပြည်သား၊ ယော်ဒန်မြစ်နားမှာ နေသောသူအပေါင်းတို့သည် ယောဟန်ထံသို့ ထွက်သွား၍၊ 6 မိမိတို့အပြစ်များကို ဖော်ပြလျက် ယော်ဒန်မြစ်၌ ဗတ္တိဇံကို ခံကြ၏။