Pular para o conteúdo
Publicidade

ရှင်မဿဲ 5

ဆား​နှ​င့်​အ​လင်း

13 သင်​တို့​သည် ဤ​လော​က၏ ဆား​ဖြစ်​ကြ၏။ ဆား​မူ​ကား၊ အ​ငန်​ကင်း​ပျောက်​လျှင် ငန်​သော​အ​ရ​သာ​ကို အ​ဘယ်​သို့ ရ​ပြန်​မည်​နည်း။ ပြင်​သို့​ပစ်​လိုက်၍ ကျော်​နင်း​ခြင်း​မှ​တစ်​ပါး အ​ဘယ်​အ​သုံး​မျှ​မ​ဝင်။- 14 သင်​တို့​သည် ဤ​လော​က၏ အ​လင်း​ဖြစ်​ကြ၏။ တောင်​ထိပ်၌​တည်​သော​မြို့​ကို မ​ကွယ်​နိုင်။-ယော၊ ၈:၁၂၊၉:၅။15 ဆီ​မီး​ထွန်း၍ တောင်း​ဇ​လား​အောက်၌ ဖုံး​ထား​လေ့​မ​ရှိ။ အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​သည် အ​လင်း​ကို ရ​စေ​ခြင်း​ငှာ ဆီ​မီး​ခုံ​ပေါ်​မှာ တင်​ထား​လေ့​ရှိ၏။-မာ၊ ၄:၂၁။ လု၊ ၈:၁၆၊၁၁:၃၃။16 ထို​နည်း​တူ၊ သူ​တစ်​ပါး​တို့​သည် သင်​တို့၏ ကောင်း​သော​အ​ကျင့်​ကို မြင်၍၊ ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော သင်​တို့​အ​ဘ၏ ဂုဏ်​တော်​ကို ချီး​မွမ်း​စေ​ခြင်း​ငှာ၊ သူ​တစ်​ပါး​ရှေ့၌ သင်​တို့​အ​လင်း​ကို လင်း​စေ​ကြ​လော့။-၁​ပေ၊၂:၁၂။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também