Pular para o conteúdo
Publicidade

ရှင်မဿဲ 8

23 ထို​အ​ခါ လှေ​ထဲ​သို့ ဝင်​တော်​မူ၍ တ​ပည့်​တော်​တို့​သည် လိုက်​ကြ၏။ အိုင်၌ လှိုင်း​တံ​ပိုး​ပြင်း​စွာ​ထ၍ လှေ​ကို လွှမ်း​လေ၏။- 24 ကိုယ်​တော်​သည် ကျိန်း​စက်၍ နေ​တော်​မူ၏။- 25 တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍ ကိုယ်​တော်​ကို နှိုး​ပြီး​လျှင်၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​ပါ၏။ ကယ်​မ​တော်​မူ​ပါ​ဟု လျှောက်​ကြ​သော်၊- 26 ကိုယ်​တော်​က၊ ယုံ​ကြည်​အား​နည်း​သော သူ​တို့၊ အ​ဘယ်​ကြောင့် ကြောက်​တတ်​သ​နည်း​ဟု မေး​တော်​မူ​ပြီး​လျှင်၊ ထ၍ လေ​နှင့် ပင်​လယ်​ကို ဆုံး​မ​တော်​မူ​သ​ဖြင့် အ​လွန်​သာ​ယာ​လေ၏။- 27 ထို​လူ​တို့​က​လည်း၊ ဤ​သူ​ကား အ​ဘယ်​သို့​သော​သူ​နည်း။ လေ​နှင့်​ပင်​လယ်​သည် သူ၏​စ​ကား​ကို နား​ထောင်​ပါ​သည်​တ​ကား​ဟု အံ့​ဩ​ကြ၏။-

နတ်​ဆိုး​ကို​နှင်​ထုတ်​ခြင်း

(​မာ၊ ၅:၁-၂၀။ လု၊ ၈:၂၆-၃၉။)

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.