Pular para o conteúdo
Publicidade

ရှင်မဿဲ 9

မျက်​မ​မြင်​နှစ်​ဦး​ကို​ကု​သ​ခြင်း

27 ထို​အ​ရပ်​မှ ယေ​ရှု​သည် ကြွ​တော်​မူ​စဉ်၊ မျက်​စိ​ကန်း​သော​သူ နှစ်​ယောက်​တို့​သည် နောက်​တော်​သို့ လိုက်၍ ဒါ​ဝိဒ်၏​သား​တော်၊ ကျွန်​တော်​တို့​ကို သ​နား​တော်​မူ​ပါ​ဟု ဟစ်​ကြော်​ကြ၏။- 28 အိမ်​သို့ ဝင်​တော်​မူ​လျှင်၊ မျက်​စိ​ကန်း​သော​သူ​တို့​သည် အ​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ၏။ ကိုယ်​တော်​က​လည်း၊ ဤ​အ​မှု​ကို ငါ​တတ်​နိုင်​သည်​ကို ယုံ​သ​လော​ဟု မေး​တော်​မူ​လျှင်၊ ယုံ​ပါ၏​သ​ခင်​ဟု လျှောက်​ကြ၏။- 29 ထို​အ​ခါ သူ​တို့၏​မျက်​စိ​ကို တို့​တော်​မူ၍၊ သင်​တို့ ယုံ​ခြင်း​ရှိ​သည်​အ​တိုင်း သင်​တို့၌​ဖြစ်​စေ​ဟု မိန့်​တော်​မူ​လျှင်၊- 30 သူ​တို့​သည် မျက်​စိ​ပွင့်​လင်း​လေ၏။ ယေ​ရှု​က​လည်း၊ အ​ဘယ်​သူ​မျှ မ​သိ​စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့​ဟု မြစ်​တား​တော်​မူ၏။- 31 သို့​သော်​လည်း ထို​သူ​တို့​သည်​သွား၍ သ​တင်း​တော်​ကို တစ်​ပြည်​လုံး၌ နှံ့​ပြား​ကျော်​စော​စေ၏။-

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.