Pular para o conteúdo
Publicidade

နေဟမိ 2

11 ငါ​သည်​လည်း၊ ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်၍ သုံး​ရက်​နေ​ပြီး​မှ၊ 12 ကိုယ်၌​ပါ​သော သူ​အ​ချို့​တို့​နှင့် တ​ကွ၊ ည​အ​ခါ​ထ၍ ယေ​ရု​ရှ​လင်​မြို့​အ​ဖို့ ပြု​ခြင်း​ငှာ၊ ငါ၏​ဘု​ရား​သ​ခင်​သည် ငါ့​အား အ​ဘယ်​သို့​သော အ​ကြံ​ပေး​တော်​မူ​သည်​ကို၊ အ​ခြား​သော သူ​တစ်​ယောက်​အား​မျှ မ​ပြော၊ ကိုယ်​စီး​သော မြင်း​မှ​တစ်​ပါး အ​ဘယ်​အ​ရာ​မျှ​မ​ပါ​ဘဲ၊ 13 ည​အ​ခါ ချိုင့်​တံ​ခါး​ဖြင့်​ထွက်၍၊ န​ဂါး​ရေ​တွင်း​တစ်​ဖက်​တစ်​ချက်၊ နောက်​ချေး​တံ​ခါး​တိုင်​အောင် သွား​သ​ဖြင့်၊ ယေ​ရု​ရှ​လင်​မြို့​ရိုး​သည် ပြို​ပျက်​လျက်၊ မြို့​တံ​ခါး​လည်း မီး​လောင်၍ မ​ရှိ​သည်​ကို ကြည့်​ရှု​ပြီး​မှ၊ 14 စမ်း​ရေ​တွင်း​တံ​ခါး​နှင့် ရှင်​ဘု​ရင်​ရေ​ကန်​တိုင်​အောင် လွန်​ပြန်၍၊ မြင်း​လမ်း​မ​ရှိ​သော​ကြောင့်၊ 15 တစ်​ဖန် ထို​ည၌ ချောင်း​နား​တွင်​လျှောက်​သွား၍၊ မြို့​ရိုး​ကို ကြည့်​ရှု​ပြီး​မှ၊ ချိုင့်​တံ​ခါး​ဖြင့်​လှည့်၍ ဝင်​ပြန်​လေ၏။ 16 အ​ဘယ်​အ​ရပ်​သို့​သွား​သည်၊ အ​ဘယ်​သို့​ပြု​သည်​ကို မင်း​တို့​သည် မ​သိ​ကြ။ ယု​ဒ​လူ၊ ယဇ်​ပု​ရော​ဟိတ်၊ မှူး​မတ်၊ မင်း​အ​ရာ​ရှိ၊ လုပ်​ဆောင်​သော​သူ တစ်​စုံ​တစ်​ယောက်​အား​မျှ ငါ​သည် ကိုယ်​အ​မှု​ကို​မ​ပြော​သေး။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também