Pular para o conteúdo
Publicidade

နေဟမိ 4

ဆီး​တား​မှု​ကို​အောင်​မြင်​ခြင်း

1 ထို​သို့ ငါ​တို့​သည် မြို့​ရိုး​တည်​ကြောင်း​ကို၊ သ​မ္ဘာ​လတ်​သည် သ​တင်း​ကြား​သော​အ​ခါ၊ အ​လွန်​ဒေါ​သ​အ​မျက်​ထွက်၍၊ ယု​ဒ​လူ​တို့​ကို ပြက်​ရယ်​ပြု​လျက်၊ 2 အား​မ​ရှိ​သော ထို​ယု​ဒ​လူ​တို့​သည် အ​ဘယ်​သို့ ပြု​ကြ​မည်​နည်း။ ကိုယ်​ကို ခိုင်​ခံ့​စေ​မည်​လော။ ယဇ်​ပူ​ဇော်​မည်​လော။ တစ်​နေ့​ချင်း​တွင် လက်​စ​သတ်​မည်​လော။ ကျွမ်း​လောင်​သော ကျောက်​တို့​ကို အ​မှိုက်​ပုံ​များ​ထဲ​က​ထုတ်၍ ပြု​ပြင်​မည်​လော​ဟု မိ​မိ​အ​မျိုး​သား​ချင်း၊ ရှ​မာ​ရိ တပ်​သား​ရှေ့​မှာ ပြော​ဆို၏။ 3 သူ့​အ​နား​မှာ​ရှိ​သော အ​မ္မုန်​အ​မျိုး​သား တော​ဘိ​က​လည်း၊ သူ​တို့​တည်​သော ကျောက်​ရိုး​ကို တော​ခွေး​ထိ​ခိုက်​လျှင် ပြို​လဲ​လိမ့်​မည်​ဟု ပြန်​ပြော၏။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também