Pular para o conteúdo
Publicidade

နေဟမိ 5

နေ​ဟ​မိ​၏​စိတ်​ထား

14 ထို​မှ​တစ်​ပါး ယု​ဒ​မြို့​ဝန်​အ​ရာ​ကို ငါ​ခံ​သော​အ​ချိန်၊ အာ​တ​ဇေ​ရဇ်​မင်း​ကြီး နန်း​စံ နှစ်​ဆယ်​မှ​စ၍ သုံး​ဆယ်​နှစ်​နှစ်​တိုင်​အောင်၊ တစ်​ဆယ်​နှစ်​နှစ်​ပတ်​လုံး ငါ​နှင့် ငါ့​ညီ​တို့​သည် မြို့​ဝန်​ရိ​က္ခာ​ကို​မ​စား။ 15 အ​ရင်​မြို့​ဝန်​တို့​ကို လူ​များ​တို့​သည် ကျွေး​ရ​ကြ၏။ မုန့်​နှင့်​စ​ပျစ်​ရည်​ကို​လည်း​ကောင်း၊ တစ်​နေ့​လျှင် ငွေ​လေး​ဆယ်​ကို​လည်း​ကောင်း ပေး​ရ​ကြ၏။ မင်း​လု​လင်၏ စေ​စား​ခြင်း​ကို​လည်း ခံ​ရ​ကြ၏။ ငါ​မူ​ကား ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​ကြောင့်၊ အ​ရင်​မြို့​ဝန်​ကဲ့​သို့ မ​ပြု။ 16 ထို​မှ​တစ်​ပါး၊ ငါ​သည် မြို့​ရိုး​ကို​အ​မြဲ​လုပ်၍ နေ၏။ ငါ​နှင့် ငါ့​ကျွန်​တို့ သည်​လယ်​ယာ​ကို မ​ဝယ်၊ မြို့​ရိုး​တည်​ခြင်း​အ​မှု​ကို​သာ ဝိုင်း​ညီ၍ ကြိုး​စား​ကြ၏။ 17 ထို​မှ​တစ်​ပါး၊ ပတ်​ဝန်း​ကျင်၌​နေ၍ ငါ​တို့​ထံ​သို့​လာ​သော တစ်​ပါး​အ​မျိုး​သား​ကို မ​ဆို​ဘဲ၊ ယု​ဒ​အ​မျိုး​သား​တို့​နှင့် မင်း​အ​ရာ​ရှိ တစ်​ရာ​ငါး​ကျိပ်​တို့​သည် ငါ့​စား​ပွဲ၌ စား​သောက်​မြဲ​ရှိ​ကြ၏။ 18 နေ့​တိုင်း ငါ့​စား​ပွဲ​ကို နွား​တစ်​ကောင်၊ ရွေး​သော သိုး​ခြောက်​ကောင်၊ ကြက်​များ​ကို စီ​ရင်​ရ၏။ ဆယ်​ရက်​တစ်​ခါ များ​စွာ​သော စ​ပျစ်​ရည်​အ​မျိုး​မျိုး​ကို​လည်း တင်​ရ၏။ ထို​မျှ​လောက် ကုန်​သော်​လည်း၊ လူ​များ​တို့​သည် ပင်​ပန်း​စွာ အ​မှု​စောင့်​ရ​သော​ကြောင့်၊ မြို့​ဝန်၌​ရိ​က္ခာ​ကို ငါ​မ​တောင်း။ 19 အို​အ​ကျွန်ုပ် ဘု​ရား​သ​ခင်၊ ဤ​လူ​တို့​အ​ဖို့ အ​ကျွန်ုပ်​ပြု​သ​မျှ​အ​တွက် အ​ကျွန်ုပ်​ကို အောက်​မေ့၍ ကျေး​ဇူး​ပြု​တော်​မူ​ပါ။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também