6 ငါ့လူတို့သည် ပညာနည်းသောကြောင့်ဆုံးရှုံးကြ၏။ သင်သည် ပညာကိုပယ်သောကြောင့်၊ ငါ့ယဇ်ပုရောဟိတ်အဖြစ်သို့ မရောက်စေခြင်းငှာ သင့်ကိုငါပယ်မည်။ သင်၏ဘုရားသခင့်တရားကို သင်မေ့လျော့သောကြောင့်၊ သင်၏သားသမီးတို့ကို ငါမေ့လျော့မည်။