Pular para o conteúdo
Publicidade

သုတ္တံ 2

ပ​ညာ၏​တန်​ဖိုး

1 ငါ့​သား၊ သင်​သည်​ပ​ညာ​စ​ကား​ကို နား​ထောင်၍၊ 2 စေ​တ​နာ​စိတ်​နှင့် ဉာဏ်​ကို ရှာ​ဖွေ​သည်​တိုင်​အောင်၊ ငါ့​စ​ကား​ကို နား​ခံ၍၊ ငါ့​ပ​ညတ်​တို့​ကို ကိုယ်​အ​ထဲ၌ သွင်း​မိ​လျှင်​လည်း​ကောင်း၊ 3 သိ​ပ္ပံ​အ​တတ်​ကို​ခေါ်၍၊ ဉာဏ်​နောက်​သို့ အ​သံ​ကို​လွှင့်​လျှင်​လည်း​ကောင်း၊ 4 ငွေ​ကို​ရှာ​တတ်​သ​ကဲ့​သို့ ပ​ညာ​ကို​ရှာ၍၊ ဝှက်​ထား​သော​ဘ​ဏ္ဍာ​ကို စူး​စမ်း​တတ်​သ​ကဲ့​သို့၊ ဉာဏ်​ကို စူး​စမ်း​လျှင်​လည်း​ကောင်း၊ 5 ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​သော​သ​ဘော၌ ကျင်​လည်၍၊ ဘု​ရား​သ​ခင်​ကို သိ​သော​ဉာဏ်​နှင့် ပြည့်​စုံ​လိမ့်​မည်။ 6 အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ပ​ညာ​ကို ပေး​တော်​မူ​တတ်၏။ နား​လည်​နိုင်​သော​ဉာဏ်​သည် နှုတ်​က​ပတ်​တော်​အား​ဖြင့်​သာ ဖြစ်​တတ်၏။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também