Pular para o conteúdo
Publicidade

သုတ္တံ 31

သီ​လ​နှင့်​ပြည့်​စုံ​သော​မိန်း​မ

10 သီ​လ​နှင့်​ပြည့်​စုံ​သော မိန်း​မ​ကို အ​ဘယ်​သူ​တွေ့​ရ​သ​နည်း။ ထို​သို့​သော​မိန်း​မ​သည် ပ​တ္တ​မြား​ထက် အ​ဖိုး​သာ၍ ထိုက်​ပေ၏။ 11 သူ၏​ခင်​ပွန်း​သည် သူ့​ကို​ယုံ၍၊ ဆင်း​ရဲ​ခြင်း​နှင့် ကင်း​လွတ်​လိမ့်​မည်။ 12 ထို​မ​ယား​သည် မိ​မိ​ခင်​ပွန်း​အ​ကျိုး​ကို မ​ဖျက်၊ တစ်​သက်​လုံး​ပြု​စု​တတ်၏။ 13 သိုး​မွေး​နှင့် ဝါ​ကို​ရှာ၍၊ မိ​မိ​လက်​နှင့် အ​လို​အ​လျောက်​လုပ်​တတ်၏။ 14 ကုန်​သည် သင်္ဘော​ကဲ့​သို့​ဖြစ်၍၊ စား​စ​ရာ​ကို ဝေး​သော​အ​ရပ်​မှ ဆောင်​ခဲ့​တတ်၏။ 15 မိုး​မ​လင်း​မီ​ထ​လျက်၊ အိမ်​သူ​အိမ်​သား​တို့​အား စား​စ​ရာ​ကို​လည်း​ကောင်း၊ ကျွန်​မ​တို့​အား အ​ငန်း​အ​တာ​ကို​လည်း​ကောင်း၊ ပေး​ဝေ​တတ်၏။ 16 ကောင်း​မွန်​စွာ​ဆင်​ခြင်၍၊ လယ်​ကွက်​ကို ဝယ်​ယူ​တတ်၏။ ကိုယ်​တိုင်​လုပ်၍ ရ​သော​ငွေ​နှင့် စ​ပျစ်​ဥ​ယျာဉ်​ကို ပြု​စု​တတ်၏။ 17 မိ​မိ​ခါး​ကို ခွန်​အား​နှင့်​စည်း၍၊ မိ​မိ​လက်​တို့​ကို သန်​မြန်​စေ​တတ်၏။ 18 မိ​မိ​လုပ်​သော​ဥ​စ္စာ​ကောင်း​သည်​ကို ရိပ်​မိ၍၊ သူ၏​မီး​ခွက်​သည် တစ်​ည​လုံး​မ​သေ​တတ်။ 19 ချည်​ဖြစ်​စေ​တတ်​သော​တန်​ဆာ​တို့​ကို ကိုယ်​လက်​နှင့်​ကိုင်၍ လုပ်​ဆောင်​တတ်၏။ 20 ဆင်း​ရဲ​သော​သူ​တို့​အား လက်​ကို​ဖြန့်၍၊ ငတ်​မွတ်​သော​သူ​တို့​အား လက်​ရုံး​ကို ဆန့်​တတ်၏။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também