Pular para o conteúdo
Publicidade

သုတ္တံ 31

သီ​လ​နှင့်​ပြည့်​စုံ​သော​မိန်း​မ

10 သီ​လ​နှင့်​ပြည့်​စုံ​သော မိန်း​မ​ကို အ​ဘယ်​သူ​တွေ့​ရ​သ​နည်း။ ထို​သို့​သော​မိန်း​မ​သည် ပ​တ္တ​မြား​ထက် အ​ဖိုး​သာ၍ ထိုက်​ပေ၏။ 11 သူ၏​ခင်​ပွန်း​သည် သူ့​ကို​ယုံ၍၊ ဆင်း​ရဲ​ခြင်း​နှင့် ကင်း​လွတ်​လိမ့်​မည်။ 12 ထို​မ​ယား​သည် မိ​မိ​ခင်​ပွန်း​အ​ကျိုး​ကို မ​ဖျက်၊ တစ်​သက်​လုံး​ပြု​စု​တတ်၏။ 13 သိုး​မွေး​နှင့် ဝါ​ကို​ရှာ၍၊ မိ​မိ​လက်​နှင့် အ​လို​အ​လျောက်​လုပ်​တတ်၏။ 14 ကုန်​သည် သင်္ဘော​ကဲ့​သို့​ဖြစ်၍၊ စား​စ​ရာ​ကို ဝေး​သော​အ​ရပ်​မှ ဆောင်​ခဲ့​တတ်၏။ 15 မိုး​မ​လင်း​မီ​ထ​လျက်၊ အိမ်​သူ​အိမ်​သား​တို့​အား စား​စ​ရာ​ကို​လည်း​ကောင်း၊ ကျွန်​မ​တို့​အား အ​ငန်း​အ​တာ​ကို​လည်း​ကောင်း၊ ပေး​ဝေ​တတ်၏။ 16 ကောင်း​မွန်​စွာ​ဆင်​ခြင်၍၊ လယ်​ကွက်​ကို ဝယ်​ယူ​တတ်၏။ ကိုယ်​တိုင်​လုပ်၍ ရ​သော​ငွေ​နှင့် စ​ပျစ်​ဥ​ယျာဉ်​ကို ပြု​စု​တတ်၏။ 17 မိ​မိ​ခါး​ကို ခွန်​အား​နှင့်​စည်း၍၊ မိ​မိ​လက်​တို့​ကို သန်​မြန်​စေ​တတ်၏။ 18 မိ​မိ​လုပ်​သော​ဥ​စ္စာ​ကောင်း​သည်​ကို ရိပ်​မိ၍၊ သူ၏​မီး​ခွက်​သည် တစ်​ည​လုံး​မ​သေ​တတ်။ 19 ချည်​ဖြစ်​စေ​တတ်​သော​တန်​ဆာ​တို့​ကို ကိုယ်​လက်​နှင့်​ကိုင်၍ လုပ်​ဆောင်​တတ်၏။ 20 ဆင်း​ရဲ​သော​သူ​တို့​အား လက်​ကို​ဖြန့်၍၊ ငတ်​မွတ်​သော​သူ​တို့​အား လက်​ရုံး​ကို ဆန့်​တတ်၏။ 21 မိုး​ပွင့်​ကျ​သော်​လည်း၊ မိ​မိ​အိမ်​သူ​အိမ်​သား​တို့​အ​တွက် မ​စိုး​ရိမ်၊ အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​သည် က​တ္တီ​ပါ​နီ​ကို ဝတ်​ကြ၏။ 22 ကိုယ်​အ​ဖို့ စောင်​တို့​ကို​ရက်၍၊ ပိတ်​ချော​နှင့် မောင်း​သော​အ​ထည်​ကို ဝတ်​တတ်​၏။ 23 သူ၏​ခင်​ပွန်း​သည်​လည်း မြို့​တံ​ခါး​တို့၌ ပြည်​သား အ​သက်​ကြီး​သူ​တို့​နှင့် ထိုင်၍၊ ထင်​ရှား​သော​သူ​ဖြစ်​ရ၏။ 24 ချော​သော​အ​ထည်​အ​လိပ်​ကို ရက်၍ ရောင်း​တတ်၏။ ခါး​စည်း​တို့​ကို​လည်း ကုန်​သည်၌ ချ​တတ်၏။ 25 သူ​လုပ်​သော အ​ထည်​အ​လိပ်​သည် ခိုင်​ခံ့၍၊ လှ​သော​အ​ဆင်း​နှင့် ပြည့်​စုံ​သ​ဖြင့်၊ သူ​သည် နောင်​ကာ​လ၌ ဝမ်း​မြောက်​လိမ့်​မည်။ 26 ပ​ညာ​စ​ကား​ကို​ပြော​တတ်၍၊ မေ​တ္တာ​တ​ရား​အား​ဖြင့် နှုတ်​မြွက်​တတ်၏။ 27 အိမ်​သူ​အိမ်​သား ပြု​မူ​သ​မျှ​တို့​ကို ကြည့်​ရှု​တတ်၏။ ပျင်း​ရိ​ခြင်း​အ​စာ​ကို မ​စား​တတ်၊ 28 သူ၏​သား​သ​မီး​တို့​သည်​ထ၍၊ အ​မိ​ကို ကောင်း​ချီး​ပေး​တတ်​ကြ၏။ သူ၏​ခင်​ပွန်း​က​လည်း၊ 29 လူ​မျိုး​သ​မီး​အ​များ​တို့​သည် ကောင်း​မွန်​စွာ ပြု​ကြ​ပြီ။ သို့​ရာ​တွင်၊ သင်​သည် ထို​သူ​အ​ပေါင်း​တို့​ကို လွန်​ကဲ​ပြီ​ဟု သူ့​ကို ချီး​မွမ်း​တတ်၏။ 30 ယဉ်​ကျေး​သော​အ​ရာ​သည် လှည့်​စား​ခြင်း​နှင့် ယှဉ်​တတ်၏။ လှ​သော​အ​ဆင်း​သည်​လည်း အ​ချည်း​နှီး​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​မိန်း​မ​မူ​ကား၊ ချီး​မွမ်း​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ 31 ထို​သို့​သော မိန်း​မ​ကျင့်​ရာ​အ​ကျိုး​ကို ပေး​လော့။ သူ​ပြု​သော​အ​မှု​သည် မြို့​တံ​ခါး​တို့၌ သူ၏​အ​သ​ရေ​ကို ထင်​ရှား​စေ​သ​တည်း။

ရှော​လ​မုန်​မင်း​ကြီး​စီ​ရင်​ရေး​ထား​သော သု​တ္တံ​ကျမ်း​ပြီး၏။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.