Pular para o conteúdo
Publicidade

သုတ္တံ 4

မိ​ဘ​ပေး​သော​အ​ကြံ​ဉာဏ်

1 ငါ့​သား​တို့၊ အ​ဘ၏​နည်း​ဥ​ပ​ဒေ​သ​ကို​နား​ထောင်၍၊ ဉာဏ်​သ​ဘော​ကို နား​လည်​ခြင်း​ငှာ စေ့​စေ့​မှတ်​ကြ​လော့။ 2 ကောင်း​သော​ဩ​ဝါ​ဒ​ကို ငါ​ပေး၏။ ငါ့​ပ​ညတ်​တ​ရား​ကို မ​ပယ်​ကြ​နှင့်။ 3 ငါ​မူ​ကား၊ အ​ဘ၏​ရင်​နှစ်၊ အ​မိ​ရှေ့​မှာ​နူး​ညံ့၍ အ​ချစ်​ဆုံး​သော​သား​ဖြစ်၏။ 4 ငါ့​အ​ဘ​သွန်​သင်၍ မြွက်​ဆို​လေ​သည်​ကား၊ ငါ့​စ​ကား​ကို သင်၏​နှ​လုံး၌​သွင်း​မိ၍၊ ငါ့​ပ​ညတ်​တို့​ကို ကျင့်​စောင့်​သ​ဖြင့် အ​သက်​ရှင်​လော့။ 5 ပ​ညာ​ကို ဆည်း​ပူး​လော့။ ဉာဏ်​ကို ဆည်း​ပူး​လော့။ သ​တိ​မ​လစ်​စေ​နှင့်။ ငါ၏​နှုတ်​ထွက်​စ​ကား​ကို မ​လွှဲ​မ​ရှောင်​နှင့်။ 6 ပ​ညာ​ကို မ​စွန့်​နှင့်။ သူ​သည်​သင့်​ကို ထိန်း​သိမ်း​လိမ့်​မည်။ သူ့​ကို​ချစ်​လော့။ သင့်​ကို စောင့်​မ​လိမ့်​မည်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também