Pular para o conteúdo
Publicidade

သုတ္တံ 5

15 ကိုယ်​ဆိုင်​သော ရေ​အိုး​ကို​သုံး၍၊ ကိုယ်​ရေ​တွင်း​ထဲ​က ထွက်​သော​စမ်း​ရေ​ကို သောက်​လော့။ 16 သင်၏​စမ်း​ရေ​များ​ပြား၍၊ လမ်း​များ​အ​နား​မှာ စီး​သော​မြစ်​များ ဖြစ်​စေ​လော့။ 17 တစ်​ပါး​အ​မျိုး​သား​နှင့် ပေါင်း​ဖက်၍ မ​ဆိုင်​စေ​ဘဲ၊ ကိုယ်​တစ်​ပါး​တည်း​သာ ဆိုင်​စေ​လော့။ 18 သင်၏​စမ်း​ရေ​တွင်း၌ မင်္ဂ​လာ​ရှိ​စေ၍၊ အ​သက်​အ​ရွယ်​ပျို​စဉ်​ကာ​လ၊ ပေါင်း​ဖော်​သော မ​ယား​နှင့်​အ​တူ ပျော်​မွေ့​လော့။ 19 သူ​သည် စုံ​မက်​တတ်​သော​သ​မင်​မ၊ နှစ်​လို​ဖွယ်​သော ဒ​ရယ်​မ​ကဲ့​သို့​ဖြစ်၍၊ သူ၏​သား​မြတ်​တို့​သည် သင်၏​အ​လို​ဆ​န္ဒ​ကို အ​စဉ်​ပြေ​စေ၍၊ သူ့​ကို​ချစ်​သော​စိတ်​နှင့် အ​စဉ်​ယစ်​မူး​လျက်​နေ​လော့။ 20 ငါ့​သား၊ သင်​သည် အ​မျိုး​ပျက်​သော​မိန်း​မ​နှင့် အ​ဘယ်​ကြောင့် ယစ်​မူး​သ​နည်း။ ပြည့်​တန်​ဆာ​မ၏​ရင်​ပတ်​ကို အ​ဘယ်​ကြောင့် ဖက်​ယမ်း​သ​နည်း။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também