Pular para o conteúdo
Publicidade

သုတ္တံ 6

6 အ​ချင်း​လူ​ပျင်း၊ ပု​ရွက်​ဆိတ်​ထံ​သို့ သွား၍၊ သူ၏​အ​ပြု​အ​မူ​တို့​ကို ဆင်​ခြင်​သ​ဖြင့် ပ​ညာ​ရှိ​စေ​လော့။ 7 ပု​ရွက်​ဆိတ်​သည် ဆ​ရာ​မ​ရှိ၊ ပဲ့​ပြင်​သော​သူ​မ​ရှိ၊ မင်း​မ​ရှိ​ဘဲ​လျက်၊ 8 နွေ​ကာ​လ​နှင့် စ​ပါး​ရိတ်​ရာ​ကာ​လ၌ မိ​မိ​စား​စ​ရာ​အ​စာ​ကို ရှာ​ဖွေ​သို​ထား​တတ်၏။ 9 အို​လူ​ပျင်း၊ သင်​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး​အိပ်​လျက် နေ​လိမ့်​မည်​နည်း။ အ​ဘယ်​သော​အ​ခါ နိုး​လိမ့်​မည်​နည်း။ 10 ခ​ဏ​အိပ်​လျက်၊ ခ​ဏ​ပျော်​လျက်၊ အိပ်​ပျော်​အံ့​သော​ငှာ ခ​ဏ​လက်​ချင်း​ပိုက်​လျက်​နေ​စဉ်​တွင်၊သု၊ ၂၄:၃၃-၃၄။11 ဆင်း​ရဲ​ခြင်း​သည် ခ​ရီး​သွား​သော​သူ​ကဲ့​သို့​လည်း​ကောင်း၊ ဥ​စ္စာ​ပြုန်း​တီး​ခြင်း​သည် သူ​ရဲ​ကဲ့​သို့​လည်း​ကောင်း ရောက်​လာ​လိမ့်​မည်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também