20 သူကလည်း နောမိဟူ၍ မခေါ်ပါနှင့်။ မာရဟူ၍ ခေါ်ပါ။ အနန္တတန်ခိုးရှင်သည် ငါ့အား အလွန်ခါးသောအရာကို ပေးတော်မူပြီ။ 21 ငါသည် ကြွယ်ဝပြည့်စုံလျက် ထွက်သွား၏။ ယခုမူကား ဆင်းရဲလျက် တစ်ကိုယ်တည်းရှိမှ၊ ထာဝရဘုရားသည် ငါ့ကိုပို့ပြန်တော်မူပြီ။ ထာဝရဘုရားသည် ငါ့ကိုနှိမ့်ချ၍ အနန္တတန်ခိုးရှင်သည် ငါ့ကိုဆင်းရဲစေတော်မူသည် ဖြစ်၍၊ နောမိအမည်ဖြင့် အဘယ်ကြောင့် ငါ့ကိုခေါ်ကြသနည်းဟု ပြန်ပြော၏။