3 နောမိ၏ခင်ပွန်း ဧလိမလက်သည် သေ၍ မယားနှင့်သားနှစ်ယောက်တို့သည် ကျန်ရစ်ကြ၏။ 4 သားတို့သည် မောဘပြည်သူ ဩရပနှင့်ရုသအမည်ရှိသော မိန်းမနှစ်ယောက်တို့နှင့် စုံဖက်ခြင်းကိုပြု၍၊ ထိုပြည်မှာ ဆယ်နှစ်ခန့်မျှနေပြီးမှ၊ 5 ထိုသားနှစ်ယောက် မဟာလုန်နှင့်ခိလျုန်တို့သည် သေ၍ နောမိသည်သားမရှိ၊ ခင်ပွန်းလည်းမရှိ ကျန်ရစ်လေ၏။