Pular para o conteúdo
Publicidade

ရု​သ​ 1

8 သို့​ရာ​တွင် ချွေး​မ​နှစ်​ယောက်​တို့​အား၊ သင်​တို့​သည် ကိုယ်​အ​မိ​အိမ်​သို့ ပြန်​သွား​ကြ​လော့။ သေ​လွန်​သော​သူ၌​လည်း​ကောင်း၊ ငါ၌​လည်း​ကောင်း၊ ကျေး​ဇူး​ပြု​သည်​နှင့်​အ​ညီ၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၌ ကျေး​ဇူး​ပြု​တော်​မူ​ပါ​စေ​သော။ 9 သင်​တို့​နှစ်​ယောက်​သည် နောက်​ရ​သော​လင်​အိမ်၌ ချမ်း​သာ​စွာ​နေ​ရ​မည်​အ​ကြောင်း ထာ​ဝ​ရ​ဘု​ရား ကယ်​မ​သ​နား​တော်​မူ​ပါ​စေ​သော​ဟု ဆို​လျက် သူ​တို့​ကို နမ်း​လေ၏။ သူ​တို့​သည်​လည်း၊ အ​သံ​ကို​လွှင့်၍ ငို​ကြွေး​လျက်၊ 10 အ​ကယ်​စင်​စစ် အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​နှင့်​အ​တူ၊ ကိုယ်​တော်၏ အ​မျိုး​ထံ​သို့ လိုက်​သွား​ပါ​မည်​ဟု ဆို​ကြ၏။ 11 နော​မိ​က​လည်း၊ ငါ့​သ​မီး​တို့ ပြန်​သွား​ကြ​လော့။ ငါ​နှင့်​အ​တူ အ​ဘယ်​ကြောင့် လိုက်​ရ​မည်​နည်း။ သင်​တို့​လင်​ရှာ​ဖို့ ငါ၏​ဝမ်း၌ သား​ရှိ​သေး​သ​လော။ 12 ငါ့​သ​မီး​တို့ ပြန်​သွား​ကြ​လော့။ ငါ​သည်​အ​သက်​အ​ရွယ်​လွန်၍ လင်​နှင့်​မ​နေ​သင့်။ သို့​မ​ဟုတ် မျှော်​လင့်​စ​ရာ​ရှိ​သေး​သည်​ဟု ငါ​ဆို​လျှင်​လည်း​ကောင်း၊ ယ​နေ့​ည​မှာ လင်​နေ​လျှင်​လည်း​ကောင်း၊ သား​တို့​ကို​လည်း ဖွား​မြင်​လျှင်​လည်း​ကောင်း၊ 13 ထို​သား​တို့​သည် ကြီး​ပွား​သည်​တိုင်​အောင် ငံ့​နေ​လိမ့်​မည်​လော။ လင်​မ​နေ​ဘဲ သူ​တို့​ကို မျှော်​လင့်​လိမ့်​မည်​လော။ ငါ့​သ​မီး​တို့ ထို​သို့​မ​ဖြစ်​ရ။ ထာ​ဝ​ရ​ဘု​ရား လက်​တော်​သည် ငါ၌​ကန့်​လန့်​ရှိ​သည်​ကို သင်​တို့​အ​တွက် ငါ​အ​လွန်​ကြင်​နာ​သော စိတ်​ရှိ​သည်​ဟု ဆို​လေ​သော်၊ 14 သူ​တို့​သည် တစ်​ဖန် အ​သံ​ကို​လွှင့်၍ ငို​ကြွေး​ကြ၏။ ထို​အ​ခါ​ဩ​ရ​ပ​သည် ယော​က္ခ​မ​ကို​နမ်း၍ မိ​မိ​အ​မျိုး​သား​တို့​ထံသို့ ပြန်​သွား၏။ ရု​သ​မူ​ကား၊ ယော​က္ခ​မ၌ မှီ​ဝဲ​ဆည်း​ကပ်​လျက် နေ​သေး၏။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também

Rute
Ver todos os capítulos de Rute