Pular para o conteúdo
Publicidade

ရှင်ယာကုပ် 3

3 မြင်း​ကို​နိုင်​ခြင်း​ငှာ ပါး​စပ်​ကို​ဇက်​ခွံ့​တတ်၏။ သို့​ပြု၍ မြင်း​ကိုယ်​တစ်​ကိုယ်​လုံး​ကို လှည့်​စေ​တတ်၏။- 4 ထို​မှ​တစ်​ပါး၊ အ​လွန်​ကြီး​သော​သင်္ဘော​သည် ပြင်း​စွာ​သော​လေ​ဟုန်​နှင့် လွင့်​သွား​သော်​လည်း၊ တက်​မ​ကိုင် အ​လို​ရှိ​သည်​အ​တိုင်း၊ ငယ်​သော​တက်​မ​ဖြင့် လှည့်​တတ်၏။- 5 ထို​နည်း​တူ၊ လျှာ​သည် ငယ်​သော​အင်္ဂါ​ဖြစ်​သော်​လည်း အ​လွန်​ဝါ​ကြွား​တတ်၏။ အ​ဘယ်​မျှ​လောက် များ​စွာ​သော​ထင်း​ကို အ​နည်း​ငယ်​သော​မီး​သည် ညှိ​နိုင်​သည်​ကို ကြည့်​ပါ​လော့။- 6 လျှာ​သည် မီး​ဖြစ်၏။ ဒု​စ​ရိုက်၏ လော​က​ဓာတ်​လည်း​ဖြစ်၏။ ထို​သို့​နှင့်​အ​ညီ၊ လျှာ​သည် ငါ​တို့၏​အင်္ဂါ​တို့​တွင်​တည်၍ တစ်​ကိုယ်​လုံး​ကို ညစ်​ညူး​စေ၏။ ဇာ​တိ​စက်​ကို​လည်း ရှို့​တတ်၏။ မိ​မိ​သည်​လည်း င​ရဲ​မီး​ရှို့​ခြင်း​ကို ခံ​လျက်​ရှိ၏။- 7 သား​ရဲ​မျိုး၊ ငှက်​မျိုး၊ တွား​တတ်​သော​တိ​ရ​စ္ဆာန်​မျိုး၊ ငါး​မျိုး​တို့​ကို လူ​မျိုး​သည် အောင်​တတ်​သည်​အ​တိုင်း အောင်​ခဲ့​ပြီ။- 8 လျှာ​ကို​ကား၊ အ​ဘယ်​လူ​မျှ​မ​အောင်​နိုင်၊ မ​ဆုံး​မ​နိုင်​သော အ​ဆိုး​အ​ညစ်​ဖြစ်၏။ သေ​စေ​တတ်​သော အ​ဆိပ်​အ​တောက်​နှင့် ပြည့်​စုံ၏။-

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também