Pular para o conteúdo
Publicidade

ရှင်ယာကုပ် 4

ကြွား​ဝါ​မှု​မ​ပြု​ရန်​သ​တိ​ပေး​ခြင်း

13 ယ​နေ့ နက်​ဖြန် ဤ​မည်​သော​မြို့​သို့ သွား​ကြ​ကုန်​အံ့။ ထို​မြို့၌ တစ်​နှစ်​ပတ်​လုံး​နေ၍ ကုန်​သွယ်​သ​ဖြင့် အ​မြတ်​ရ​အောင် ပြု​ကြ​ကုန်​အံ့​ဟု ဆို​တတ်​သော​သူ​တို့၊ နား​ထောင်​ကြ​လော့။- 14 နက်​ဖြန်​နေ့၌ အ​ဘယ်​သို့​ဖြစ်​မည်​ကို သင်​တို့​မ​သိ​ကြ။ သင်​တို့ အ​သက်​သည် အ​ဘယ်​သို့​သော​အ​ရာ ဖြစ်​သ​နည်း။ ခ​ဏ​ထင်​ရှား​ပြီး​မှ ကွယ်​ပျောက်​တတ်​သော အ​ခိုး​အ​ငွေ့​ဖြစ်၏။- 15 ထာ​ဝ​ရ​ဘု​ရား​သည် အ​လို​တော်​ရှိ၍၊ ငါ​တို့​သည်​လည်း အ​သက်​ရှင်​လျှင်၊ ဤ​သို့​ပြု​ကြ​ကုန်​အံ့၊ ထို​သို့​ပြု​ကြ​ကုန်​အံ့​ဟု သင်​တို့​ဆို​သင့်​ရာ​ဖြစ်၏။- 16 ယ​ခု​သင်​တို့​သည် မိ​မိ​ထောင်​လွှား​ခြင်း၌ ဝါ​ကြွား​ကြ​သေး၏။ ထို​သို့​သော ဝါ​ကြွား​ခြင်း​ရှိ​သ​မျှ​သည် မ​ကောင်း​မ​သင့်​ဖြစ်၏။- 17 ထို​ကြောင့်၊ ကောင်း​သော​အ​ကျင့်​ကို သိ​လျက် မ​ကျင့်​ဘဲ​နေ​သော​သူ​သည် အ​ပြစ်​ရှိ၏။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também