Pular para o conteúdo
Publicidade

တိတု 1

6 အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​သော​သူ၊ မ​ယား​တစ်​ယောက်​တည်း​ရှိ​သော​သူ ဖြစ်​လျှင်​လည်း​ကောင်း၊ သူ၏​သား​သ​မီး​တို့​သည် ကာ​မ​ဂုဏ်၌ လွန်​ကျူး​သည်​ဟု အ​ပြစ်​တင်​ခြင်း၊ နား​မ​ထောင်​ခြင်း​နှင့်​လွတ်၍ ယုံ​ကြည်​လျှင်​လည်း​ကောင်း၊ ထို​သို့​သော​သူ​ကို ခန့်​ထား​အပ်၏။- 7 အ​ကြောင်း​မူ​ကား၊ သင်း​အုပ်​သည် ဘု​ရား​သ​ခင်၏ ဘ​ဏ္ဍာ​စိုး​ကဲ့​သို့၊ အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​သော​သူ ဖြစ်​ရ​မည်။ ကိုယ်​အ​လို​သို့ လိုက်​တတ်​သော​သူ၊ စိတ်​တို​သော​သူ၊ စပျစ်ရည်နှင့်ပျော်မွေ့သောသူ၊ သူ​တစ်​ပါး​ကို ရိုက်​ပုတ်​သော​သူ၊ မ​စင်​ကြယ်​သော​စီး​ပွား​ကို တပ်​မက်​သော​သူ မ​ဖြစ်​ရ​ဘဲ၊- 8 ဧည့်​သည်​ဝတ်​ကို ပြု​တတ်​သော​သူ၊ သူ​တော်​ကောင်း​နှင့် အ​ဆွေ​ဖွဲ့​သော​သူ၊ ဣ​န္ဒြေ​စောင့်​သော​သူ၊ ဖြောင့်​မတ်​သော​သူ၊ သန့်​ရှင်း​သော​သူ၊ ကာ​မ​ဂုဏ်​ကို ချုပ်​တည်း​သော​သူ​ဖြစ်​ရ​မည်။- 9 စင်​ကြယ်​သော ဩ​ဝါ​ဒ​အား​ဖြင့် တိုက်​တွန်း​သွေး​ဆောင်​ခြင်း​ငှာ​လည်း​ကောင်း၊ ငြင်း​ခုံ​သော​သူ​တို့၏ စ​ကား​ကို ချေ​ခြင်း​ငှာ​လည်း​ကောင်း တတ်​နိုင်​မည်​အ​ကြောင်း၊ ကိုယ်​တိုင်​သင်​ပြီး​သော သ​စ္စာ​စ​ကား​တော်​ကို အ​မြဲ​စွဲ​လမ်း​သော​သူ ဖြစ်​ရ​မည်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também

Tito
Ver todos os capítulos de Tito