20 ပညာဆိဟ ပစာမှာ ဆိလုန်း။ ကျမ်းပြုဆရာဟ ပစာမှာ ဆိလုန်း။ ဟေလောကဆိ ဝေဖန်ရေးသူများဟ ပစာမှာ ဆိလုန်း။ ဘုရားသခင်ဟ လောကီဉာဏ်ပညာဟို မိုက်မဲစေတာ မဟုတ်လော။
21 အကျောန်းမှာ ဘုရားသခင်ရဲ့ ဉာဏ်ပညာအရ ဟေလောကဟ မိမိရဲ့ ဉာဏ်ပညာအားဖြင့် ဘုရားသခင်ဟို မသိခဲ့သောကျောန့် ဘုရားသခင်ဟ ဟောပြောခြင်းအမှုရဲ့ မိုက်မဲသောအရာအားဖြင့် ယုံကြည်သောသူလို့ဟို ကယ်တင်ရန် အလိုဆိအယ်။