16 ၁၀.၁၆ မ ၂၆.၂၆–၂၈; မာ ၁၄.၂၂–၂၄; လု ၂၂.၁၉,၂၀ငါလို့ဟ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းယွေ့ ပွဲတော် မုတ်မှ စပျစ်ယေဟို သောက်ကြသောအခါ ခရစ်တော်ရဲ့ အသွေးတော်ဟို ဆက်ဆံသုံးဆောင်ကြအယ် မဟုတ်လော။ မုန့်ဟို စားသောအခါ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာဟို ဆက်ဆံသုံးဆောင်ကြတာ မဟုတ်လော။ 17 ပစာကို့ မုန့်တလုံးတည်း ဆိတာ ဖြစ်ယွေ့ အဲမုန့်တလုံးတည်းဟို ဆက်ဆံ သုံးဆောင်ကြသောကျောန့် ငါလို့ဟ အရေအတွက်အားဖြင့် များသော်လည်း တကိုယ်တည်း ဖြစ်ကြအယ်။
Publicidade