23 အကျောန်းမှာ သခင်ဘုရားဆေမှ ငါ ခံယူရဆိသောအရာဟို နင်လို့အား ငါ ပေးအပ်အယ်။ ဟေအရာမှာ သခင် ယေရှုဟ သူ့ဟို အပ်နှံခြင်း ခံရသော ညနှိုက် မုန့်ဟို ယူယွေ့၊ 24 ကျေးဇူးတော်ဟို ချီးမွန်းပင်းမှ မုန့်ဟို ဖဲ့ယွေ့ "ဟေမုန့်ဟ နင်လို့အတွက် စွန့်သော ငါရဲ့ ကိုယ်ခန္ဓာ ဖြစ်အယ်။ ငါ့ဟို သတိရစေခြင်းငှာ ဟေသို့ပြုကြလော့" ဟု မိန့်လေအယ်။ 25 အဲတိုင်းတိုင်း ညစာစားပင်းနောက် စပျစ်ယေ မုတ်ဟို ယူယွေ့ "ဟေမုတ်ဟ ငါရဲ့ သွေးနဲ့ တံဆိပ်ခတ်သော ဘုရားသခင်ရဲ့ ပဋိညာဉ်သစ် ဖြစ်အယ်။ ဟေမုတ်မှ စပျစ်ယေဟို သောက်လဲ့အခါတိုင်း ငါ့ဟို သတိရခြင်းငှာ သောက်ကြလော့" ဟု မိန့်လေအယ်။
26 နင်လို့ဟ အဲမုန့်ဟို စားယွေ့ ဟေမုတ်မှ စပျစ်ယေဟို သောက်လဲ့အခါတိုင်း သခင်ဘုရားရဲ့ အသေခံကျောန်းဟို ကိုယ်တော် ကြွလာချိန်တိုင်အောန် ကြေညာကြအယ်။