သန့်ဆှင်းသော ဝိညာဉ်တော်ဆေမှ ဆုကျေးဇူးများ
1 ညီအကို မောင်နှမလို့၊ ဝိညာဉ်တော်ရဲ့ ဆုကျေးဇူးများအကျောန်း၊
နင်လို့အား အသိမပေးဘဲ နေစေခြင်းငှာ ငါ အလိုမဆိ။ 2 နင်လို့ဟ ဘုရားတရားမဲ့သူ ဖြစ်တုန်းဟ သူတပါး သွေးဆောင်သဖြင့် စကားမပြောနိန်သော ရုပ်တုဆိရာသို့ ပါသွားသောသူ ဖြစ်ကျောန်းဟို နင်လို့ သိကြအယ်။ 3 အဲကျောန့် နင်လို့အား ငါသိစေလိုတာဟ စသူမျှ ဘုရားသခင်ရဲ့ ဝိညာဉ်တော်အားဖြင့် "ယေရှုဟ ကျိန်ခြင်းဟို" ဟု ပြောဆိုမယ် မဟုတ်၊ အဲသန့်ဆှင်းသော ဝိညာဉ်တော်အားဖြင့် စသူမျှ "ယေရှုဟ သခင်ဘုရား ဖြစ်အယ်" ဟု မပြောဆိုနိန်။
4 ၁၂.၄–၁၁ ရော ၁၂.၆–၈ ဝိညာဉ်ဆုကျေးဇူးဟ အမျိုးမျိုး ဆိအယ်။ အားပေမဲ့ အဲဆုကျေးဇူးများဟို ချပေးသောသူဟ ဝိညာဉ်တော် တပါးတည်းသာ ဖြစ်အယ်။ 5 အစေခံရန် နည်းအမျိုးမျိုး ဆိအယ်။ အားပေမဲ့ အစေခံရမဲ့ သခင်ဘုရားဟ တပါးတည်း ဆိအယ်။ 6 အမှုတော်ဆောင်ရန် စွမ်းရည်အမျိုးမျိုး ဆိအယ်။ အားပေမဲ့ လူအသီးသီးနှိုက် ဆိသော စွမ်းရည်များဟို ပေးသော ဘုရားသခင်ဟ တပါးတည်း ဆိအယ်။ 7 အများကောင်းကျိုးအတွက် လူအသီးသီးလို့အား ဝိညာဉ်တော် ပါဆိကျောန်း တနည်းနည်းအားဖြင့် ဖော်ပြအယ်။