4 မေတ္တာဟ စိတ်ရှည်တတ်အယ်။ ကြင်နာသနားတတ်အယ်။ မေတ္တာဟ ဂုဏ်ပြိုင်ခြင်း မဆိ၊ ဝါကြွားခြင်း မဆိ၊ မာန်မာန မဆိ။ 5 မလျောက်ပတ်စွာ မကျင့်တတ်၊ ကိုယ့်အကျိုးဟို မဆာတတ်၊ ဒေါသအမျက် မထွက်တတ်၊ အပစ်ဆိအယ်ဟု မထင်တတ်။ 6 မတရားသောအမှုနှိုက် ဝမ်းမြောက်ခြင်း မဆိတတ်၊ သမ္မာတရားနှိုက်သာ ဝမ်းမြောက်တတ်အယ်။ 7 ခပ်သိမ်းသောအရာလို့ဟို ဖုံးအုပ်တတ်အယ်။ ခပ်သိမ်းသောအရာဟို ယုံတတ်အယ်။ ခပ်သိမ်းသောအရာဟို မျှော်လင့်တတ်အယ်။ ခပ်သိမ်းသောအရာဟို သည်းခံတတ်အယ်။
8 ပရောဖက်ဉာဏ်သော် လည်းကောင်း၊ အမျိုးမျိုးသော ဘာသာစကားဟို ပြောနိန်သောအခွင့်သော် လည်းကောင်း၊ သိပ္ပံအတတ်သော် လည်းကောင်း ကွယ်ပျောက်လိမ့်မယ်။ အားပေမဲ့ မေတ္တာဟ ဖောက်ပြန်ခြင်းသဘောနဲ့ အစဉ် ကင်းလွတ်အယ်။