ခရစ်တော်ရဲ့ ဆှင်ပြန်ထမြောက်ခြင်း
1 ညီအကို မောင်နှမလို့၊ နင်လို့အား ငါပြောလဲ့ သတင်းကောင်းဟို ပြန်လည်သတိရ စေလိုအယ်။ အဲသတင်းကောင်းဟို နင်လို့ ခံယူပင်း အေးအပေါ်နှိုက် နင်လို့ရဲ့ ယုံကြည်ခြင်း ခိုင်မြဲစွာ အမြစ်စွဲလျက် ဆိကြအယ်။ 2 အေးသတင်းကောင်းဟ နင်လို့အား ငါဟောပြောလဲ့ တရားဖြစ်အယ်။ နင်လို့ဟ အေးသတင်းကောင်းဟို စွဲမြဲစွာ ယုံကြည်လက်ခံလျှင် ကယ်တင်ခြင်းဟို ခံရကြမယ်၊ အဲဟာမဟုတ်ရင် နင်လို့ ယုံကြည်ခဲ့တာဟ အချည်းနှီး ဖြစ်အယ်။