Pular para o conteúdo
Publicidade

၁ ကောရိန္သု 15

22 လူအပေါင်းလို့ဟ အာဒံအားဖြင့် သေခြင်းသို့ ရောက်လဲ့နည်းတူ၊ လူအပေါင်းလို့ဟ ခရစ်တော်အားဖြင့် အသက်ဆှင်ခြင်းသို့ ရောက်ရကြလိမ့်မယ်။ 23 အားပေမဲ့ လူအသီးသီးလို့ဟ မိမိလို့ အလှည့်အတိုင်း ဆှင်ပြန်ထမြောက်ရကြမယ်။ ခရစ်တော်ဟ အဦးသီးသော အသီးဖြစ်အယ်။ ခရစ်တော်ဟ ကြွလာသောအခါ တဘဲ့တော်ဖြစ်သော သူလို့ဟ ဆှင်ပြန်ထမြောက်ခြင်းသို့ ရောက်ကြလိမ့်မယ်။ 24 အဲပင်းရင် ကပ်ကမ္ဘာကုန်ဆုံးချိန် ရောက်လိမ့်မယ်။ အဲအခါ ခရစ်တော်ဟ ဆိဆိသမျှသော ဝိညာဉ်ရေးဆိုင်ရာ တန်ခိုးများ၊ အာဏာပိုင်များနဲ့ အုပ်ချုပ်သူများဟို နှိမ်နင်းယွေ့ နိုင်ငံတော်ဟို ခမည်းတော် ဘုရားသခင်ရဲ့ လက်တော်သို့ ပေးအပ်လိမ့်မယ်။ 25 ဘုရားသခင်ဟ ရန်သူအပေါင်းဟို နှိမ်နင်းယွေ့ ခရစ်တော်ရဲ့ ခြေဖဝါးအောက်သို့ ရောက်စေမဲ့ အချိန်မရောက်မီ ခရစ်တော်ဟ အုပ်စိုးရမယ်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.